ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတား ဒုတိယအကြိမ်မိုင်းခွဲခံရပြန်

News Image

  • ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတား ဒုတိယကြိမ်မိုင်းခွဲခံရပြန်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မော်လမြိုင် – သထုံ – ရန်ကုန် ပြည်ထောင်စုကားလမ်းမပေါ်ရှိ မိုးကောင်းတံတားသည် ယမန်နေ့ (မေသုံးရက်) ညက မိုင်းခွဲခံရပြန်သည်။

လက်ရှိတွင် တံတားမှာ ပြိုကျပျက်စီးသွားပြီး အိမ်စီးကားများအနေဖြင့် ရွာလမ်းထဲမှ ဖြတ်၍ရသော်လည်း ကုန်ကားကြီးများအနေဖြင့် ရှေ့ဆက်၍မရဘဲ လမ်းပေါ်တွင် ပိတ်မိနေကြခြင်းဖြစ်ကြောင်း သိရသည်။

မိုးကောင်းတံတားသည် မော်လမြိုင် – သထုံ – ရန်ကုန် လမ်းမကြီးပေါ်တွင် တည်ရှိပြီး ယခု မိုင်းခွဲခံရမှုမှာ ဒုတိယအကြိမ် မိုင်းခွဲမှုဖြစ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်လည်း မိုင်းခွဲခံရ၍ မိုးကောင်းတံတား ပျက်စီးခဲ့ကြောင်း သိရသည်။

Source: Popular Myanmar