အစ္စရေးအတွက် သူလျှိုလုပ်ပေးသည်ဟု စွပ်စွဲခံထားရသည့် အမျိုးသားတစ်ဦးကို အီရန်အစိုးရ ကွပ်မျက်

News Image

  • အစ္စရေးအတွက် သူလျှိုလုပ်ပေးသည်ဟု စွပ်စွဲခံထားရသည့် အမျိုးသားတစ်ဦးကို အီရန်အစိုးရ ကွပ်မျက်

အီရန်အစိုးရသည် အစ္စရေး သူလျှိုလုပ်မှုနှင့် ထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်မှုတို့အတွက် ပြစ်ဒဏ်ချမှတ်ခံထားရသည့် အီရန်အမျိုးသား တစ်ဦးကို ဧပြီလ ၃၀ ရက်တွင် ကွပ်မျက်ခဲ့ကြောင်း သိရပါသည်။ အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အီရန်နှင့်အမေရိကန်ကြား အဆင့်မြင့် ဆွေးနွေးပွဲများ လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ ကွပ်မျက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ အစ္စရေးနှင့် နှစ်ပေါင်းများစွာ တင်းမာမှုများ ရှိနေခဲ့သည့် အီရန်သည် အစ္စရေး၏မော့ဆက်ထောက်လှမ်းရေး ဝန်ဆောင်မှု များနှင့်အဆက်အစပ်ရှိပြီး အီရန်နိုင်ငံအတွင်းတွင် သူလျှိုလုပ်မှုများကို ကူညီဆောင်ရွက်ပေးသည်ဟု စွပ်စွဲခံခဲ့ရသည့် လူအများအပြားကိုကွပ်မျက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါသည်။ အီရန် မီဒီယာ Mizan ၏ အဆိုအရ တရားခံ Mohsen Langarneshin သည် ၂၀၂၂ ခုနှစ် အီရန်တပ်ဖွဲ့၏ ဗိုလ်မှူးကြီးတစ်ဦး သေဆုံးမှုအပါအဝင် အမှု များစွာ၌ ပါဝင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရပါသည်။ အီရန်မီဒီယာ Mizan က “အချိန်(၂)နှစ်အတွင်း အကြမ်းဖက် စစ်ဆင်ရေး များကို ပံ့ပိုးကူညီမှုနှင့် အီရန်တပ်ဖွဲ့ဗိုလ်မှူးကြီး Sayad Khodai လုပ်ကြံ ခံရမှု အခင်းဖြစ်ပွားရာနေရာ၌ ရှိနေခြင်းများ အပါအဝင် အရေးကြီးသည့် လုပ်ဆောင်ချက်များအားလုံးအတွက် Mohsen Langarneshin မှာ တာဝန် ရှိပါသည်” ဟု ပြောဆိုခဲ့ပါသည်။ထို့အပြင် Mohsen Langarneshin သည် Isfahan မြို့တွင်ရှိသော စက်မှုစင်တာကိုတိုက်ခိုက်ရန်အတွက် စစ်ဆင်ရေး ဆိုင်ရာ ပံ့ပိုးကူညီမှုများလည်း လုပ်ဆောင်ပေးခဲ့ကြောင်း အီရန်မီဒီယာ Mizan က ရေးသားဖော်ပြခဲ့ပါသည်။

ကိုးကား-NP News