PNO ပြည်သူ့စစ်အဖွဲ့ အဆင့်မြင့်စစ်ရေး အထူးကွန်မန်ဒို သင်တန်း ဆင်းပွဲ PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ တက်ရောက် မိန့်ခွန်း ပြောကြား

News Image

  • PNO ပြည်သူ့စစ်အဖွဲ့ အဆင့်မြင့်စစ်ရေး အထူးကွန်မန်ဒို သင်တန်း ဆင်းပွဲ PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ တက်ရောက် မိန့်ခွန်း ပြောကြား
  • PNO ပြည်သူ့စစ်အဖွဲ့ အဆင့်မြင့်စစ်ရေး အထူးကွန်မန်ဒို သင်တန်း ဆင်းပွဲ PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ တက်ရောက် မိန့်ခွန်း ပြောကြား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် PNO ပြည်သူ့စစ်အဖွဲ့က အဆင့်မြင့်စစ်ရေး အထူး ကွန်မန်ဒိုသင်တန်း ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲကို ၂၀၂၅ခုနှစ် မေလ(၁) ရက်နေ့ တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သင်တန်းဆင်းပွဲကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ ပအိုဝ်း အမျိုးသားတပ်မတော် (PNA)၊ တပ်ရင်း (၄) ၊ လေ့ကျင့်ရေးကွင်း (အောင်ဆုဗ္ဗေစခန်း)တွင် ပြုလုပ်ရာ PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်ဟု သိရသည်။

သင်တန်းကို (၅)လနီးပါးကြာ ပို့ချခြင်းဖြစ်ပြီး သင်တန်းတွင် ထောက်လှမ်းရေး ပညာ၊ ဒရုန်းအသုံးပြုနည်း၊ လက်နက်ကြီးပစ်ခတ်မှုနှင့် အထူး တိုက်ခိုက်ရေး ပညာများကို သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား-Myanmar National Post