ထောင်ဖောက်လွတ်မြောက်ခဲ့သည့် ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကို အီကွေဒေါ ပြန်လည်ဖမ်းဆီးနိုင်
ကွီတို ဇွန် ၂၆
ပြီးခဲ့သည့်နှစ်က အကျဉ်းထောင် မှ ထွက်ပြေးလွတ်မြောက်သွားသော လော့စ်ချိုနာရော့စ် ဒုစရိုက် ဂိုဏ်း၏ခေါင်းဆောင် ဟိုဆေး အဒယ်ဖိုမာစီယာကို ပြန်လည် ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း အီကွေဒေါသမ္မတ ဒန်နီယယ်နို ဘိုဝါက ဇွန် ၂၅ ရက်တွင် ကြေညာ ထားသည်။
ဖီတိုဟူ၍လည်း ထင်ရှားသည့် ဟိုဆေးအဒယ်ဖိုမာစီယာ သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ဂွါယာ ကွီးလ်အကျဉ်းထောင်မှ ထွက်ပြေး လွတ်မြောက်ခဲ့ရာ အီကွေဒေါနိုင်ငံ၏ အလိုအရှိဆုံးဝရမ်းပြေးတရားခံ ဖြစ်ခဲ့ရသည်။
သို့ရာတွင် လက်ရှိအချိန်၌ အီကွေဒေါရဲတပ်ဖွဲ့နှင့် တပ်မတော် တို့က ၎င်းကို ပြန်လည်ဖမ်းဆီး နိုင်ခဲ့ပြီဖြစ်ကြောင်း အီကွေဒေါသမ္မတက အတည်ပြုပြောကြားထားသည်။
သို့သော် ဟိုဆေးအဒယ်ဖိုမာစီ ယာအားမည်သည့်အချိန်၊မည်သည့် နေရာ၌ ပြန်လည်ဖမ်းဆီးနိုင်ခဲ့သည်ကို အီကွေဒေါသမ္မတက ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ ကြောင်း သိရသည်။
အီကွေဒေါနိုင်ငံသည် မာစီယာ ကို ၂၀၁၁ ခုနှစ်တွင် မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် လူသတ်မှု အပါအဝင် ပြစ်မှုအမျိုးမျိုးအတွက် ထောင်ဒဏ် ၃၄ နှစ်ချမှတ် ထားသည်။
ယင်းအပြင် မာစီယာသည် နိုင်ငံတကာ မူးယစ်ဆေးကုန်သွယ် မူ၊လက်နက်မှုများဖြင့်လည်း အမေရိကန်နိုင်ငံ၌ တရားစွဲဆိုခံထားရသူ ဖြစ်ကြောင်း သိရသည်။
Ref: RT
Trs: KKO
YDNB Newspaper