သွင်းကုန်အခွန်ကိစ္စဆွေးနွေးရန် အမေရိကန်၏ကမ်းလှမ်းမှု တရုတ်စဉ်းစား

News Image

  • သွင်းကုန်အခွန်ကိစ္စဆွေးနွေးရန် အမေရိကန်၏ကမ်းလှမ်းမှု တရုတ်စဉ်းစား

သွင်းကုန်အခွန်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရန် အမေရိကန်၏ကမ်းလှမ်းလာမှုကို စဉ်းစားသုံးသပ်နေကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက မေလ ၂ ရက် တွင်ပြောသည်။

အမေရိကန်ဘက်မှ အဆင့်မြင့်တာဝန်ရှိသူများက သွင်းကုန်အခွန်ကိစ္စကိုတရုတ်နှင့်ဆွေးနွေးလိုသည်ဟု တိုက်ရိုက်မဟုတ်ဘဲ ကြားလူမှတစ်ဆင့်ပြောဆိုချဉ်းကပ်လာခြင်းဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အခွန် ၁၄၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံရန် ထုတ်ပြန်ပြီးနောက် အပြန်အလှန်အနေဖြင့် တရုတ်နိုင်ငံကလည်း  အမေရိကန်မှ သွင်းကုန်များကို အခွန် ၁၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကာ ပို့ကုန်များကိုကန့်သတ်လိုက် ပြီးနောက် ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံကြားတွင် တင်းမာမှုများဖြစ်ပွားလာခြင်းဖြစ်သည်။ သွင်းကုန်အခွန်ကိစ္စ ဆွေးနွေးရန် တရုတ်ဘက်ကကမ်းလှမ်း လာသည်ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် အမေရိကန်အစိုးရ၏ ပြောဆိုမှုကို တရုတ်အစိုးရက ငြင်းပယ်ထားသည်။

Ref: RT

Source: https://myawady.net.mm/