ထိုင်းနိုင်ငံတောင်ပိုင်း၌ သေနတ်သမားတစ်ဦးက လူ (၃) ဦးကို သေနတ်နှင့် ပစ်သတ်
ခွဲထွက်ရေးသမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ထိုင်းနိုင်ငံတောင်ပိုင်းတွင် သေနတ်သမားတစ်ဦးကကလေးငယ်တစ်ဦး အပါအဝင် လူ(၃)ဦးကို သေနတ်နှင့် ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။ အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ သံသယရှိသူကို အာဏာပိုင်များက လိုက်လံဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါသည်။ သေနတ်သမားသည် မေလ (၂) ရက်နေ့နှောင်းပိုင်းက မွတ်ဆလင်အများစုနေထိုင်ရာ ပြည်နယ်သုံးခု ထဲမှတစ်ခုဖြစ်သည့် Narathiwat ပြည်နယ် Tak Bai ခရိုင်က လူနေရပ်ကွက်တစ်ခုအတွင်း၌ ယခုကဲ့သို့ အကြမ်းဖက်သတ်ဖြတ်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါသည်။ အဆိုပါဖြစ်ရပ်အတွင်း အသက် (၉) နှစ် အရွယ် မိန်းကလေးတစ်ဦး၊ အသက်(၇၅)နှစ်အရွယ် အမျိုးသားတစ်ဦးတို့အပါအဝင် လူ(၃)ဦးသေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။ ရဲအရာရှိ Watthana Thurarat က “တစ်ဦးက အခင်းဖြစ်ပွားရာ နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။ အခြားနှစ်ဦးကတော့ ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ပဲ ဆေးရုံတင်ထားတဲ့အချိန်အတွင်း သေဆုံးသွားခဲ့ပါတယ်” ဟု ပြောခဲ့ပါသည်။ ထို့အပြင် သံသယရှိသူသည် အကြမ်းဖက် သူပုန်အဖွဲ့နှင့် ဆက်နွှယ်နေကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့ကြောင်း သိရပါသည်။
ကိုးကား-NP News