မြန်မာနှင့် မည်သည့် proxy စစ်ပွဲမျှ ဝင်ရောက်ပါဝင်မည်မဟုတ်ဟု ဘင်္ဂလားဒေ့ရှ် အကြံပေးပုဂ္ဂိုလ် ပြောကြား
ရခိုင်ပြည်နယ်သို့ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်နှင့်ပတ်သက်၍ အငြင်းပွားမှုများနှင့် ကန့်ကွက်မှုများကြားတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနှင့် မည်သည့် proxy စစ်ပွဲမျှ ဝင်ရောက် ပါဝင်မည် မဟုတ်ကြောင်း အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Khalilur Rahman က ပြောကြားလိုက်ပါသည်။
မေလ ၄ ရက် (တနင်္ဂနွေ) က ဒါကာမြို့ရှိ Bangladesh University of Professionals (BUP) တွင် ကျင်းပသော ဘင်္ဂါလီပြန်လည်နေရာချထားရေး ဆိုင်ရာ ဆွေးနွေးပွဲတစ်ခု၌ အကြံပေးပုဂ္ဂိုလ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အမေရိကန်ဘက်မှ proxy စစ်ပွဲတစ်ခုကို မိမိတို့ ဆင်နွှဲမည်ဆိုပါကမည်သူဒုက္ခရောက်မည်နည်း။ တရုတ်ပဲဖြစ်မည်” ဟု ဘင်္ဂါလီကိစ္စနှင့် ဦးစားပေးကိစ္စရပ်များအတွက် ကိုယ်စားလှယ်လည်းဖြစ်သူ Khalilur က ပြောကြားခဲ့ပါသည်။
ကိုးကား- bdnews24
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃