စည်းကြပ်ခွန် ထပ်တိုးကောက်ခံခြင်းက အသေးစား လုပ်ငန်းများအပေါ် “ပြန်လည် ဖြည့်ဆည်းမရသော ထိခိုက်နစ်နာမှု” ဖြစ်စေ

News Image

  • စည်းကြပ်ခွန် ထပ်တိုးကောက်ခံခြင်းက အသေးစား လုပ်ငန်းများအပေါ် “ပြန်လည် ဖြည့်ဆည်းမရသော ထိခိုက်နစ်နာမှု” ဖြစ်စေ

အမေရိကန် ကုန်သည်ကြီးများအသင်း (USCC) က ၎င်းတို့အဖွဲ့အစည်းအနေဖြင့် လွန်ခဲ့သည့်ရက်က အမေရိကန်အစိုးရကို စာလွှာပေးပို့ပြီး အသေးစားလုပ်ငန်းများအပေါ် “ပြန်လည်ဖြည့်ဆည်းမရသော ထိခိုက် နစ်နာမှု” မဖြစ်စေရန် ၊ ယင်းလုပ်ငန်းများအပေါ် အခွန်ကင်းလွတ်ခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း မေ ၁ ရက် တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။

ယခုကာလများတွင် စည်းကြပ်ခွန်က အမေရိကန်စီးပွားရေးအပေါ် အနုတ်လက္ခဏာ သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကို ထည့်သွင်းစဉ်းစား၍ ကုန်သွယ်ရေးမိတ်ဖက်များနှင့်ဆွေးနွေးမှု အမြန်ဆုံး အောင်မြင်ပြီး မြောက်အောင် ဆောင်ရွက်ရန်၊ ထိုမှတစ်ဆင့် အမေရိကန်၏ ယခုနှစ်မှစ၍ ထပ်တိုးထားသည့် စည်းကြပ်ခွန် များကို ဖယ်ရှားရန်မှာ အလွန်အရေးကြီးကြောင်း အမေရိကန် ကုန်သည်ကြီးများအသင်း (USCC) ၏ ပေးစာ တွင် ရေးသားထားသည်။ အဆိုပါအဖွဲ့အစည်းက အမေရိကန်အစိုးရကို “ချက်ချင်းလှုပ်ရှား ဆောင်ရွက်ရန်”၊ အမေရိကန်အသေးစားလုပ်ငန်းများအား ကယ်ဆယ်ရန်၊ အမေရိကန်စီးပွားရေး ဆုတ်ယုတ်မှုသို့ သက်ဆင်းခြင်း အား ရှောင်ရှားရန် တောင်းဆိုထားကြောင်း သိရသည်။

အမေရိကန် ကုန်သည်ကြီးများအသင်း (USCC) ၏ ပေးစာတွင် အသေးစိတ်တောင်းဆိုချက် ၃ ရပ်ကို အဆိုပြုခဲ့သည်။ ၎င်းတို့မှာ ပထမအနေဖြင့် အသေးစား သွင်းကုန်လုပ်ငန်း အားလုံးကို အလိုအလျောက် အခွန်ကင်းလွတ်ခွင့်ပေးရန်၊ ဒုတိယအနေဖြင့် အမေရိကန်တွင် ထုတ်လုပ်၍ မရသော သို့မဟုတ် ရရှိရန် မလွယ်ကူသော ထုတ်ကုန်ပစ္စည်းအားလုံးကို အခွန်ကင်းလွတ်ခွင့်ပေးရန် တတိယအနေဖြင့် စည်းကြပ်ခွန်က အလုပ်အကိုင်နေရာချထားမှုအပေါ် အန္တရာယ်ဖြစ်လာသည်ဟု သက်သေပြနိုင်သော ကုမ္ပဏီများအတွက် အခွန်ကင်းလွတ်ခွင့် လျှောက်ထားမှုအစီအစဉ် တည်ဆောက်ရန်ဖြစ်ကြောင်း သိရသည်။ ပေးစာတွင် ကော်ဖီ၊ ငှက်ပျောသီး၊ ကိုကိုး၊ အချို့သော သတ္တုပစ္စည်းစသည့် ထုတ်ကုန်များနှင့် ဝယ်သူအလိုကျ အထူးပြုလုပ် ရသော စက်မှုကုန်ကြမ်းပစ္စည်းများမှာ အမေရိကန်၌ ရရှိရန် မလွယ်ကူကြောင်း၊ ယင်းထုတ်ကုန်ပစ္စည်းများ အပေါ် စည်းကြပ်ခွန် ထပ်တိုးကောက်ခံခြင်းသည် အသေးစားလုပ်ငန်းများနှင့် စားသုံးသူများအတွက် ကုန်ဈေးနှုန်း မြင့်မားလာမှုကိုသာ သယ်ဆောင်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အချိန်ကြာလာသည်နှင့်အမျှ အသေးစားလုပ်ငန်းများ ရင်ဆိုင်နေရသည့် အရင်းအနှီးမြင့်မားမှုနှင့် ထောက်ပံ့ရေး ကွင်းဆက် ပြတ်တောက်မှု၏ ခြိမ်းခြောက်မှုသည် ပို၍ ဆိုးရွားလာပြီး “ပြန်လည် ဖြည့်ဆည်းမရသော ထိခိုက် နစ်နာမှု” ဒဏ်ခံရနိုင်ကြောင်း အမေရိကန်ကုန်သည်ကြီးများအသင်း (USCC) ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ် Suzanne Clark က ကြေညာချက်တွင် ပြောကြားခဲ့သည်။ 

ကိုးကား- Xinhua