TNLA အကြမ်းဖက်အဖွဲ့၏ စခန်းကုန်း ၁ ခု သိမ်းပိုက်ရရှိ
တပ်မတော်စစ်ကြောင်းများအား နှောင့်ယှက်တိုက်ခိုက်နေသည့် နောင်ချိုမြို့အနီး TNLA အကြမ်းဖက် စခန်းကုန်း ၁ ခု အား မေလ ၆ ရက်နေ့ ညနေပိုင်းအချိန်က တောင်ခမ်းစစ်သည်တော်များက စီးနင်းသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် တပ်မတော်သား ၂ဦး ထိခိုက်ဒဏ်ရာရရှိပြီး TNLA အကြမ်းဖက်သမား ၂ လောင်း၊ AK-47 သေနတ် ၁ လက်၊ ကျည်အိမ်/ကျည်ဆန်များ၊ လက်ပစ်ဗုံး/မိုင်းများ၊ ကွန်ကရစ်ဘန်ကာ ၂ လုံး၊ သဲအိတ်ဘန်ကာ ၆ လုံး၊ ဆသရမြောင်း ၅၀၀ ပေခန့်၊ ပစ်ကျင်း ၅ ကျင်း၊ Fox Hole ၆ ကျင်း တို့အား သိမ်းပိုက်ရရှိခဲ့သည်။
တပ်မတော်က ငလျင်ဘေး ကူညီရေးနှင့်ပြန်လည်ထူထောင်ရေးအတွက် ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလကို မေလ (၃၁) ရက်နေ့အထိ တိုးမြှင့်ထားသော်လည်း အကြမ်းဖက်အဖွဲ့များက တိုက်ခိုက်လာလျှင် ပြည်သူလူထုကို ကာကွယ်သောအားဖြင့် တုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကိုးကား-Myanmar National Post