ChatGPT ဖြင့်ဈေးဝယ်နိုင်တော့မည်
ဆန်ဖရန်စစ်စ္စကို၊ မေ ၈
ChatGPT သည် ယခုအခါ သုံးစွဲသူများကို အွန်လိုင်းတွင် ပစ္စည်းများရှာဖွေရန် ကူညီပေးနေပြီဖြစ်ကြောင်း OpenAI က တနင်္လာနေ့တွင် ကြေညာခဲ့ပြီး Google ၏ ဈေးကွက်အပေါ်လွှမ်းမိုးမှုကို စည်းကမ်း ထိန်းသိမ်းရေးဖိအားများဖြင့် Google ကို စိန်ခေါ်မှုကို မြှင့်တင်ပေးလျက်ရှိသည်။
ဈေးဝယ်နိုင်သောစွမ်းရည် အသစ်သည် AI chatbot များနှင့် Google ကြားကကွာဟချက်ကို ပိုမို ကျဉ်းမြောင်းစေပြီး၊ Google ၏နောက်ထပ်ဆယ်စုနှစ်များစွာထိန်းချုပ်ထားသည့်ဈေးကွက်တစ်ခုတွင် OpenAI က ယှဉ်ပြိုင်နိုင်ရန် ရည်မှန်းချက်ကို ဖော်ပြနေပါသည်။
“ရှာဖွေမှုများသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဝဘ်ရှာဖွေမှုပေါင်း ၁ ဘီလျံကျော်ဖြင့် ကျွန်ုပ်တို့၏ အလွန်လူကြိုက်များရေပန်းအစားဆုံးနှင့် အလျင်မြန်ဆုံး ကြီးထွားလာသော အင်္ဂါရပ်များထဲမှ တစ်ခုဖြစ်လာသည်” ဟု ဆန်ဖရန်စစ္စကိုအခြေစိုက် ကုမ္ပဏီက X တွင် ပို့စ်တစ်ခု၌ ပြောကြားခဲ့သည်။
တနင်္လာနေ့တွင် စတင်ဖြန့်ချိလိုက်သော ဆော့ဝယ်လ် အသစ်သည် ဈေးဝယ်သူများကို ပုံမှန်စကားပြောခြင်းမှတစ်ဆင့် ပစ္စည်းများကို ရှာဖွေနှိုင်းယှဉ်နိုင်စေပြီး ဝယ်ယူမှုများအတွက် ကုန်သည်များနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်မည် ဖြစ်သည်။
“ရလဒ်များ၏စာမျက်နှာများကို ဆွဲယူကြည့် scroll down လုပ်မည့်အစား၊ သင်ရိုးရှင်းစွာ စကားပြောဆိုမှုများဖြင့် စတင်မေးမြန်းနိုင်သည်” ဟု OpenAI ၏ ပို့စ်တွင်ဖော်ပြထားပြီး အသုံးပြုသူများသည် နောက်ဆက်တွဲ မေးခွန်းများကို မေးမြန်းနိုင်သည် သို့မဟုတ် ထုတ်ကုန်များကို နှိုင်းယှဉ်နိုင်သည်။
ChatGPT ၏ ဈေးဝယ်အင်္ဂါရပ်သည် ဖက်ရှင်၊ အလှအပနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးအစားများကို အဓိကထားသည်။ ထုတ်ကုန်အကြံပြုချက်များကို ပုဂ္ဂိုလ်ရေးသီးသန့်ပြုလုပ်ထားပြီး ကြော်ငြာများမဟုတ်ဘဲ ဝက်ဘ်မှလာသည်ဟု OpenAI ကပြောကြားခဲ့သည်။
AI chatbots များ၏ ပြိုင်ဆိုင်မှုများ တိုးလာနေခြင်းကို တန်ပြန်ရန်၊ Googleသည် သမားရိုးကျ ဝက်ဘ်ဆိုဒ်လင့်ခ်များထက် ဉာဏ်ရည်တုနည်းပညာ AI ထုတ်ပေးသော အဖြေများကို ရှာဖွေမှုရလဒ်များတွင် ၎င်း၏ကိုယ်ပိုင် Gemini assistant နည်းပညာကို ပေါင်းစပ်အသုံးပြုထားသည်။
ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ OpenAI ရဲ့အရာရှိတစ်ဦးက အမေရိကန်နိုင်ငံမှာ လက်ရှိဆက်လက်ဖြစ်ပွားနေသော ယုံကြည်အပ်နှံမှု ဖေါက်ဖျက်ခြင်း အမှုတွင် Google ကို Chrome browser ကိုရောင်းချဖို့ ဖိအားပေးခံရလျှင်၊ OpenAI က Chrome ကိုဝယ်ယူဖို့စဉ်းစားမည်မဟုတ် သက်ဆိုင်ရာသက်သေထုတ်ပြောခဲ့သောကြောင့် ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်လာခဲ့ပါသည်။
Source: Popular Myanmar