ပူတင်၏ ယာယီစစ်ရပ်စဲရေး စတင် အသက်ဝင်

News Image

  • ပူတင်၏ ယာယီစစ်ရပ်စဲရေး စတင် အသက်ဝင်

၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် ရုရှားသမ္မတဗလာဒီမာပူတင်၏   ၃ ရက်တာ ယာယီစစ်ရပ်စဲရေးကို ကြေညာချက်မှာ ယခုအခါ စတင်အသက်ဝင်ပြီဖြစ်ကြောင်း ကရင်မလင်က ကြေညာလိုက်ပါသည်။ ယခုယာယီစစ်ရပ်စဲရေးမှာ မော်စကို စံတော်ချိန် မေ ၈ ရက် ညသန်းခေါင် (၀၀:၀၀) မှ မေ ၁၁ ရက် ညသန်းခေါင် (၀၀:၀၀) အထိ ၇၂ နာရီ (၃ ရက်) ကြာမြင့်မည်ဖြစ်ပါသည်။

ယာယီစစ်ရပ်စဲရေးကို ယူကရိန်းဘက်က ချိုးဖောက်ပါက တန်ပြန်တိုက်ခိုက်ရန် အဆင်သင့်ရှိကြောင်း၊ ယခုကြေညာချက်နှင့်ပတ်သက်၍ အမိန့်ညွှန်ကြားချက် အသစ် မရှိတော့ပါကြောင်း ကရင်မလင်ပြောခွင့်ရ ဒီမီထရီ ပတ်စကိုဗ်က ပြောကြားထားပါသည်။ 

ယူကရိန်းတပ်ဖွဲ့များသည် မေလ ၇ ရက်(ဗုဒ္ဓဟူး) နံနက်စောစောတွင် ရုရှားမြို့ကြီးများကို ဒရုန်းများဖြင့် ကြီးမားစွာ တိုက်ခိုက်ခဲ့သဖြင့် ရုရှားလေကြောင်းတပ်ဖွဲ့များက မော်စကိုအနီး၌ ဒရုန်း ၉ စင်း ပစ်ချခဲ့ရသည် ဟု မြို့တော်ဝန် ဆာဂေးဆိုဘရာနင် က ပြောကြားထားပါသည်။

ယခုယာယီစစ်ရပ်စဲရေးမှာ ရုရှား၏ အထူးစစ်ဆင်ရေး (SMO) ကာလအတွင်း တတိယမြောက် ယာယီစစ်ရပ်စဲခြင်းလည်း ဖြစ်ပါသည်။

ကိုးကား-TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃