ပါကစ္စတန်က အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ဟု အိန္ဒိယစွပ်စွဲ

News Image

  • ပါကစ္စတန်က အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ဟု အိန္ဒိယစွပ်စွဲ

အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီး နာရီပိုင်းအတွင်း ပါကစ္စတန် သည် ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်ရှိ ဆရီနာဂါမြို့ရှိ ပစ်မှတ်များကို မောင်းသူမဲ့လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အိန္ဒိယက စွပ်စွဲလိုက် ပါသည်။ 

“အပစ်အခတ်ရပ်စဲရေးက ဘာဖြစ်သွားသနည်း။ ဆရီနာဂါ မှာ ပေါက်ကွဲသံတွေ ကြားလိုက်ရသည်!!!” ဟု ဂျမူးနှင့်ကက်ရှ်မီးယား ဝန်ကြီးချုပ် အိုမာအဘ်ဒူလာ က ၎င်း၏ X မီဒီယာ အကောင့်တွင်ရေးသားခဲ့ပါသည်။ 

“ထိန်းချုပ်ရေးမျဉ်းတစ်လျှောက် ပစ်ခတ်ခြင်းကို ပါကစ္စတန်တပ်ဖွဲ့များ စနေနေ့ (မေ ၁၀) က ပြုလုပ်ခဲ့ပြီး နာရီပိုင်းအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်။ ထို့နောက် အပြန်အလှန် ပစ်ခတ်မှုများ စတင်ခဲ့ပါသည်” ဟု အိန္ဒိယတူဒေး သတင်းဌာနက စနေနေ့ (မေ ၁၀ ရက်) ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

 “အပစ်အခတ်ရပ်စဲရေး မရှိပါ” ဟု အဘ်ဒူလာက ပြောခဲ့ပြီး “ဆရီနာဂါ မြို့အလယ်တွင် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များကို အသင့်အနေအထား တပ်လှန့်ထားသည်” ဟု ဆိုပါသည်။ 

အိန္ဒိယ - ပါကစ္စတန် အပစ်ရပ်ရေးနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့ (မေ ၁၀) အစောပိုင်းတွင် “အပစ်အခတ်ရပ်စဲရေး ချက်ချင်းသဘောတူညီခဲ့ကြသည်” ဟု ကြေညာထားပါသည်။

ကိုးကား- MNP