Samsung Display နဲ့ပူးတွဲ ထုတ်လုပ်မယ့် Apple ရဲ့ခေါက်ဖုန်း
Apple က Samsung လိုမျိုး ခေါက်ဖုန်းတွေ မထုတ်သေးဘူးလားလို့ မေးနေကြသူတွေအတွက် အခုတော့သတင်းလေးတစ်ပုဒ် ထွက်လို့လာပါပြီ။ အဲဒီသတင်းကတော့ Apple အနေနဲ့ ခေါက်ဖုန်းတွေကို ထုတ်လုပ်တော့မယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ သို့သော်လည်းမမျှော်လင့်ထားတဲ့ နောက်ထပ်သတင်း တစ်ခုက အဲဒီခေါက်ဖုန်းတွေမှာအသုံးပြုမယ့် ဖန်သားပြင်တွေအတွက် Samsung Display က ထုတ်လုပ်ပေးမှာဖြစ်တယ်ဆိုတဲ့ သတင်းပါပဲ။
နောက်ထပ် သိရှိထားတဲ့သတင်း တစ်ခုကတော့ အဲဒီခေါက်ဖုန်းဖန်သားပြင်မှာဆိုရင် Samsung Galaxy Z Fold ဆိုတဲ့ စမတ်ဖုန်းမှာတောင်မှ ပါဝင်လာခြင်းမရှိတဲ့လုပ်ဆောင်ချက်တွေ ပါဝင်လာမယ် ဆိုတဲ့သတင်းဖြစ်ပါတယ်။ ဒါ့အပြင်ထိတွေ့ဖန်သားပြင်ကို သူ့ရဲ့မူလဖန်သားပြင် ထဲမှာ တစ်ပါ တည်း ထည့်သွင်း မှာဖြစ်တဲ့အတွက် ဖုန်းရဲ့အထူ ကလည်း ပါးလွှာသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အလေးချိန်ကလည်း လျော့သွားမှာပါ။
ဒါပေမဲ့ ဈေးနှုန်းအပိုင်းမှာတော့နည်းနည်းလေးစိုးရိမ်စရာ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် Apple က သူ့ရဲ့စံနှုန်းတွေအတိုင်း မလွဲမသွေ ထုတ်လုပ်လာမှာဖြစ်တဲ့ အတွက်ကြောင့်ပါပဲ။
Source: https://myawady.net.mm/