အမေရိကန် ဆေးဝါးနှင့် ဆေးပစ္စည်းဈေးနှုန်းများကို ၃၀% မှ ၈၀% အထိ လျှော့ချသွားမည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မေလ ၁၂ ရက် (တနင်္လာနေ့) တွင် အမေရိကန်ရှိ ဆေးဝါးစျေးနှုန်းများကို ၃၀% မှ ၈၀% အထိ လျှော့ချရန် အမိန့်ညွှန်ကြားချက်တစ်ရပ်ကို လက်မှတ်ရေးထိုးရန် ရည်ရွယ်ထားကြောင်း မေလ ၁၁ ရက်က ပြောကြားလိုက်ပါသည်။
“မေ ၁၂ ရက် နံနက် ၉ နာရီတွင် အိမ်ဖြူတော်၌ မိမိတို့နိုင်ငံ၏ သမိုင်းတစ်လျှောက် အရေးပါဆုံး အမိန့်ညွှန်ကြားချက်တစ်ရပ်ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။ ဆေးဝါးနှင့် ဆေးပစ္စည်းစျေးနှုန်းများမှာ ၃၀% မှ ၈၀% အထိ လျင်မြန်စွာ လျော့ကျသွားပါလိမ့်မည်” ဟု ထရမ့်က ၎င်း၏ Truth Social မီဒီယာပေါ်တွင် ပြောကြားထားပါသည်။
အမေရိကန်တွင် ဆေးဝါးစျေးနှုန်းများ မြင့်မားနေမှုကို နှစ်ပေါင်းများစွာ စိုးရိမ်နေခဲ့ကြောင်း ထရမ့်က ထပ်လောင်းပြောကြားခဲ့ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category