အမြဲတမ်း သွေးတိုးနေသူများကို ကုသပေးနိုင်မယ့် နည်းလမ်းအသစ်တွေ့ရှိ

News Image

  • အမြဲတမ်း သွေးတိုးနေသူများကို ကုသပေးနိုင်မယ့် နည်းလမ်းအသစ်တွေ့ရှိ

သိပ္ပံပညာရှင်များက အမြဲတမ်းသွေး တိုးနေသူများကို ၁၅ ပွိုင့်လောက်အထိ သွေးပေါင်ကျအောင် ကုသပေးနိုင်မယ့် နည်းလမ်းအသစ်တစ်ခုကို တွေ့ရှိထား တယ်လို့ သိရပါတယ်။

အခုတွေ့ရှိထားတဲ့နည်းလမ်းက ထိန်းချုပ်လို့ မရလောက်အောင် သွေးတိုးနေတဲ့သူတွေ ဒါမှမဟုတ် သွေးတိုးရောဂါကုထုံးကို ခံနိုင်ရည် ရှိသွားသူတွေအတွက် အဓိက ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ စမ်းသပ်နေတဲ့ ကုသနည်းအတွက်ဆေး တစ်မျိုးကတော့ lorundrostat ဖြစ်ပြီး မကြာသေးခင်က လုပ်ဆောင်တဲ့ လက်တွေ့စမ်းသပ်မှုမှာ ရလဒ်ကောင်းတွေကို ရရှိထားတာဖြစ်ပါတယ်။

ဒီလိုမျိုးရလဒ်ကောင်းနဲ့ စမ်းသပ်ချက်ကို ရရှိစေဖို့အတွက် အမေရိကန်နိုင်ငံတစ်ဝန်းမှာရှိတဲ့ ဆေးပေးခန်းများမှ သုတေသနမှာပါဝင်သူ ၂၈၅ ဦးက ကူညီပေးခဲ့တာပါ။

အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရဆိုရင် လက်ရှိအမေရိကန်နိုင်ငံ တစ်ဝန်းရှိ လူပေါင်း သန်း ၁၂၀ လောက်က သွေးတိုးရောဂါ ဖြစ်ပွားနေပါတယ်။  

Source: https://myawady.net.mm/