၂၀၂၅ - ၂၀၂၆ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဩဂုတ်လ ၁၆ ရက်မှ ၂၀၂၆ ခုနှစ် မေလ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
လန်ဒန် ဇွန် ၁၉
၂၀၂၅-၂၀၂၆ ဘောလုံးရာသီပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်လ ၁၆ ရက်မှ ၂ဝ၂၆ ခုနှစ် မေလ ၂၄ ရက်အထိ ကျင်းပမည် ဖြစ်ပြီး ပွဲစဉ်ဇယားများ ထုတ်ပြန်ကြေညာ အပြီး ပွဲစဉ်(၁) အဖွင့်ပွဲစဉ်တွင် လီဗာပူး အသင်းနှင့်ဘုန်းမောက်အသင်းတို့ တွေ့ဆုံနေကြောင်းသိရသည်။
ယခုဘောလုံးရာသီတွင် ပရီးမီးယား လိဂ်ပြိုင်ပွဲမှ လက်စတာအသင်း၊ အစ်ဝှစ်ချ် အသင်းနှင့် ဆောက်သမ်တန်အသင်းတို့ တန်းဆင်းခဲ့ရပြီး အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲမှ ဘန်လေအသင်း၊ လိဒ်ယူနိုက်တက်အသင်းနှင့် ဆန်းဒါးလန်းအသင်းတို့က ပရီးမီးယားလိဂ်ပြိုင်ပွဲ သို့ တန်းတက်လာခဲ့ကြသည်။
လာမည့် ၂ဝ၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယား လိဂ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံလီဗာပူးအသင်း၊ ဘုန်းမောက်၊ အာဆင်နယ်၊ အက်စ်တွန်ဗီလာ၊ ဘရန့် ဖို့ဒ်၊ ဘရိုက်တန်၊ ဘန်လေ၊ ချယ်လ်ဆီး၊ ခရစ္စတယ်ပဲလေ့စ်၊ အဲဗာတန်၊ ဖူလ်ဟမ်၊ လိဒ်ယူနိုက်တက်၊ မန်စီးတီး၊ မန်ယူ၊ နယူးကာဆယ်၊ နော်တင်ဟမ်၊ ဆန်းဒါးလန်း၊ စပါး၊ ဝက်စ်ဟမ်းနှင့် ဝုဗ်အသင်း စုစုပေါင်း အသင်းပေါင်း ၂၀ ဖြင့်ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံ လီဗာပူးအသင်းအနေဖြင့် ပွဲစဉ်(၁) အဖွင့်ပွဲစဉ်တွင် ဘုန်းမောက်အသင်းနှင့် ကစားရမည် ဖြစ်သည်။
၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)အဖွင့်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ လီဗာပူး အသင်းနှင့် ဘုန်းမောက်အသင်းတို့က သြဂုတ်လ ၁၆ ရက်တွင် စတင်ကစားမည်ဖြစ်ပြီး အဆိုပါပွဲစဉ် အပြီး သြဂုတ်လ ၁၆ ရက်တွင် အက်စ်တွန်ဗီလာ အသင်းနှင့် နယူးကာဆယ်အသင်း၊ ဘရိုက်တန် အသင်းနှင့် ဖူလ်ဟမ်အသင်း၊ နော်တင်ဟမ်အသင်း နှင့် ဘရန့်ဖို့ဒ်အသင်း၊ ဆန်းဒါးလန်းအသင်းနှင့် ဝက်စ်ဟမ်းအသင်း၊ စပါးအသင်းနှင့် ဘန်လေအသင်း၊ ဝုဗ်အသင်းနှင့် မန်စီးတီးအသင်းတို့ကစားရမည် ဖြစ်သည်။
သြဂုတ်လ ၁၇ ရက်တွင် ချယ်လ်ဆီးနှင့် ခရစ္စတယ်ပဲလေ့စ်အသင်း၊ မန်ယူနှင့်အာဆင်နယ် အသင်း၊ သြဂုတ်လ ၁၉ ရက်တွင် လိဒ်ယူနိုက်တက် အသင်းနှင့်အဲဗာတန်အသင်းတို့ ကစားရမည်ဖြစ် သည်။
၂ဝ၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကို (၃၄)ကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
Ref : Fotmob
MWD Daily Newspaper