စီးပွားရေး သဘောတူညီချက်များအတွက် ဆော်ဒီအာရေဗျသို့ အမေရိကန် သမ္မတရောက်ရှိ

News Image

  • စီးပွားရေး သဘောတူညီချက်များအတွက် ဆော်ဒီအာရေဗျသို့ အမေရိကန် သမ္မတရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နှစ်နိုင်ငံကြားစီးပွားရေး သဘောတူညီချက်များအတွက် ၎င်း၏ ဒုတိယသက်တမ်း ပထမဆုံးပြည်ပ ခရီးစဉ်အဖြစ် မေလ ၁၃ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံသို့ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်သည် ၎င်း၏ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ပင်လယ်ကွေ့နိုင်ငံများသို့ လေးရက်ကြာခရီး သွားရောက်ခြင်းဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံသို့ ပထမဆုံးရောက်ရှိခြင်းဖြစ်သည်။ ယင်းနောက်တွင် ၎င်းသည် ကာတာနှင့် ယူအေအီးနိုင်ငံတို့သို့ဆက်သွားမည်ဖြစ်သည်။

ဒေါ်နယ်ထရမ့်အနေဖြင့် ရီယတ်မြို့၌ ကျင်းပမည့် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်သို့တက်ပြီး မိန့်ခွန်းပြောရန် စီစဉ်ထားသည်။ ၎င်းနှင့်အတူ အီလွန်မတ်အပါအဝင် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါသွားသည်။

ထရမ့်က ၎င်း၏ပထမဆုံး ခရီးစဉ်အဖြစ် ပင်လယ်ကွေ့နိုင်ငံများကို ရွေးချယ်ခြင်းသည် ဒေသတွင်း၌ ယင်းနိုင်ငံများ၏ ပထဝီနိုင်ငံရေး အခန်းကဏ္ဍ၌ အရေးပါလာမှုကို ဖော်ပြနေကြောင်း သိရသည်။

Source: https://myawady.net.mm/