မာလိန်မှူးမပါတဲ့ ကမ္ဘာ့ပထမဆုံးအဝေးထိန်းသင်္ဘောစနစ်ကို ပထမဆုံးစမ်းသပ်လာတဲ့ ဒိန်းမတ်

News Image

  • မာလိန်မှူးမပါတဲ့ ကမ္ဘာ့ပထမဆုံးအဝေးထိန်းသင်္ဘောစနစ်ကို ပထမဆုံးစမ်းသပ်လာတဲ့ ဒိန်းမတ်

ဒိန်းမတ်နိုင်ငံကလည်း ကမ္ဘာ့ပထမဆုံးဖြစ်တဲ့ အဝေးထိန်းသင်္ဘောစနစ်ကို ပထမဆုံးစမ်းသပ်မှုတွေ လုပ်ဆောင်လာပါပြီ။ အဲဒီစနစ်က မာလိန်မှူးတွေအနေနဲ့ သင်္ဘောပေါ်ကိုယ်တိုင် လိုက်ပါစရာမလိုဘဲ ကမ်းပေါ်မှနေ၍ အချိန်နဲ့တစ်ပြေးညီရရှိတဲ့အချက်အလက်များကိုအသုံးပြုပြီးသင်္ဘောကို မောင်းနှင်နိုင်စေမယ့်စနစ်တစ်မျိုးဖြစ်ပါတယ်။

ဒီအစီအစဉ်ကို DanPilot ဆိုတဲ့ကုမ္ပဏီနဲ့ ရေကြောင်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Danelec တို့က ပူးတွဲအကောင်အထည်ဖော်တာဖြစ်ပါတယ်။ အခုဆိုရင် သူတို့အနေနဲ့ ဒိန်းမတ်အရေးပေါ်စီမံခန့် ခွဲရေးအေဂျင်စီကနေ သူတို့ရဲ့စနစ်ကိုလက်တွေ့စမ်းသပ်ဖို့အတွက် ခွင့်ပြုမိန့်ရရှိထားပါတယ်။ ဒါ့အပြင် ဒီအစီအစဉ်က ကမ္ဘာ့ရေကြောင်းသွားလာမှုလုပ်ငန်းကြီးတစ်ခုလုံးအတွက် အလှည့်အပြောင်းတစ်ခုဖြစ် လာနိုင်ပါတယ်။

ဒီစနစ်ကိုအသုံးပြုတဲ့အခါ မာလိန်မှူးက ကမ်းပေါ်မှာရှိတဲ့ ထိန်းချုပ်ရေးစင်တာမှာထိုင်ပြီး သင်္ဘောဆီကနေ အချိန်နဲ့တစ်ပြေးညီရရှိတဲ့ အချက်အလက်များအပေါ်အခြေခံကာ သင်္ဘောကိုအဝေးထိန်းစနစ်နဲ့ထိန်းချုပ်မောင်းနှင်စေမှာဖြစ်ပါတယ်။ ဒီလိုမျိုးမောင်းနှင်ရတဲ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်ရှိမှုတွေကိုလျှော့ချနိုင်မယ်။ စွမ်းဆောင်ရည်ကိုတိုးတက်စေမယ်။ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျော့ကျစေမယ်။ အထူးသဖြင့် သင်္ဘောလမ်းကြောင်း ကျပ်တဲ့နေရာတွေနဲ့ သင်္ဘောပေါ်တက်ဖို့ခက်ခဲတဲ့ အခြေအနေမျိုးတွေမှာ ဒီစနစ်ကတော်တော်လေးကို အသုံးဝင်စေမှာပါ။

အခုစမ်းသပ်မယ့်အစီအစဉ်က ၁၈ လကြာမြင့် မှာဖြစ်ပါတယ်။ ဒီအတောအတွင်း ဒိန်းမတ်ရေပြင် ထဲမှာပဲ အဲဒီစနစ်နဲ့သင်္ဘောကိုစမ်းသပ်မောင်းနှင်မှု ပေါင်း ၅၀ အထိလုပ်ဆောင်သွားမှာပါ။ ဒါပေမဲ့ရေစူး ၁၃ မီတာရှိတဲ့ သင်္ဘောတွေနဲ့ပဲ အဓိကထားစမ်း သပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။       

Ref: IE K.H

Source: https://myawady.net.mm/