အမေရိကန်နိုင်ငံ NAACP က အီလွန်မက်စ်၏ xAI ကုမ္ပဏီကို လေထုညစ်ညမ်းစေမှုဖြင့် တရားစွဲဆိုရန်ပြင်ဆင်နေကြောင်း ထုတ်ပြန်

News Image

  • အမေရိကန်နိုင်ငံ NAACP က အီလွန်မက်စ်၏ xAI ကုမ္ပဏီကို လေထုညစ်ညမ်းစေမှုဖြင့် တရားစွဲဆိုရန်ပြင်ဆင်နေကြောင်း ထုတ်ပြန်

ဝါရှင်တန် ဇွန် ၁၉

အမေရိကန်နိုင်ငံ တန်နက်စီ ပြည်နယ် မပ်ဖစ်မြို့တွင် ဘီလီယံနာ အီလွန်မက်စ်ပိုင်ဆိုင်သည့် xAI ကုမ္ပဏီကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေသဖြင့် National Association for the Advancement of colored People (NA-ACP) က တရားစွဲဆိုရန်ပြင်ဆင်နေ ကြောင်း ယနေ့သတင်းများတွင် ဖော်ပြထားသည်။

NAACP အနေဖြင့် အီလွန်မက်စ်ကုမ္ပဏီကို တရားဥပဒေလမ်းကြောင်းအတိုင်းရင်ဆိုင်သွားမည်ဖြစ်ပြီး မကြာမီ တရားစွဲဆိုမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း xAI ကုမ္ပဏီ၏ အချက်အလက် စုဆောင်းသည့်စင်တာမှ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များ ထုတ်လွှတ်နေမှုသည် မမ်ဖစ်မြို့၏ လေထုညစ်ညမ်းမှုကို ဆိုးရွားစွာ ဖြစ်ပေါ်လာစေကြောင်း NAACP က အချက်အလက်များနှင့်တကွ ထုတ်ပြန်ခဲ့သည်။

"မမ်ဖစ်မြို့က ပြည်သူတွေရဲ့ ကျန်းမာရေးလုံခြုံမှုကို ခြိမ်းခြောက် နေတဲ့အရာတွေကို တားမြစ်သွားဖို့အတွက် တရားဥပဒေလမ်း ကြောင်းအတိုင်း ဆောင်ရွက်သွားမယ်။ xAI ကုမ္ပဏီရဲ့ အချက်အလက်စုဆောင်းတဲ့ စင်တာကနေ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ထုတ်လွှတ်မှုနှုန်းက အရမ်းကို မြင့်မားနေတယ်။ စင်တာအတွက် လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်တွေကို သဘာဝဓာတ်ငွေ့ တာဘိုင်တွေ တည်ဆောက်ပြီး ထုတ်ယူ​​နေတယ်။ ဒီတာဘိုင်တွေဟာ ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ထားတာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနဲ့ ငြိစွန်းနေပါတယ်။ လေထုညစ်ညမ်းမှုတွေလဲ ဖြစ်ပေါ်စေတဲ့အတွက်ကြောင့်တရားဥပဒေလမ်းကြောင်းအတိုင်း ရင်ဆိုင်သွားဖို့ ပြင်ဆင်နေပါတယ်" ဟု Southem Envi ronmental Law Center (SELC) မှ စီနီယာရှေ့နေတစ်ဦးဖြစ်သူ ပက်ထရစ်အန်ဒါဆင်က ပြောကြားခဲ့သည်။

Ref: Russia Today

Trs:  Sai Sat

YDNB Newspaper