ဂျပန်တို့ရဲ့ Kei ကားဈေးကွက်ထဲဝင်ဖို့ ခြေလှမ်းလာတဲ့ BYD
BYD ကုမ္ပဏီက ဂျပန်နိုင်ငံရဲ့ အထင်ကရ ကားဈေးကွက်တစ်ခုဖြစ်တဲ့ Kei ဆို တဲ့ကားဈေးကွက်ထဲလှမ်းဝင်နိုင်ဖို့ကို ခြေ လှမ်းပြင်ထားပါပြီ။ Kei ကားဆိုတာက အသေးစားကားလေးတွေပါ။ ဒီကားတွေ နဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေ ကလည်း တင်းကျပ်မှုရှိပါတယ်။ Kei ကား တစ်စီးလို့သတ်မှတ်ခံရဖို့အတွက် အလျား ၃၄၀ စင်တီမီတာ၊ အနံ ၁၄၈ စင်တီမီတာ နဲ့အမြင့် ၂၀၀ စင်တီမီတာကိုမကျော်ရပါ ဘူး။ မြင်းကောင်ရေ အားကလည်း ၆၄ ကောင်အားကိုမကျော်ရပါဘူး။
မကြာသေးမီကထွက်ရှိလာတဲ့ ဓာတ် ပုံတွေအရဆိုရင် BYD ကုမ္ပဏီက သတ်မှတ်ချက်တွေတင်းကျပ်လွန်းလှတဲ့ Kei ကားဈေးကွက်ထဲကိုဝင်ဖို့ နောက်ဆုံးအဆင့် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သူ့အတွက်အသုံးပြုမယ့် စွမ်းအင်ကတော့ လျှပ်စစ်စွမ်းအင်ပဲဖြစ်ပါတယ်။ ဘက်ထရီစွမ်းအင်က ၂၀ ကီလို ဝပ်နာရီသာရှိတဲ့အတွက် ၁၈၀ ကီလိုမီတာ အထိမောင်းနှင်နိုင်မှာပါ။ တန်ဖိုးအားဖြင့် ယန်း ၂ သန်းခွဲအထိ ရှိနိုင်တယ်လို့ သိရပါတယ်။
Source: https://myawady.net.mm/