အစ္စရေး၏ တိုက်ခိုက်မှုကြောင့် တစ်ညအတွင်း လူ ၁၀၃ ဦး ထပ်မံသေဆုံး
မေလ ၁၇ ရက်ညသန်းခေါင်ချိန်မှစ၍ မေလ ၁၈ ရက်အထိ အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ဂါဇာဒေသအတွင်း နောက်ထပ်သေဆုံးသူ ၁၀၃ ဦးရှိလာကြောင်း ထိုဒေသရှိ ဆေးရုံများနှင့် ဆရာဝန်များက ပြောသည်။
ဂါဇာဒေသတောင်ပိုင်း ခန်းယူနစ်မြို့ အတွင်းနှင့်ပတ်ဝန်းကျင်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူ ၄၈ ဦးကျော်သေဆုံးကြောင်း၊ ထိုတိုက်ခိုက်မှုသည် ရွှေ့ပြောင်းနေထိုင်သူများ ယာယီ ခိုနားရာအိမ်များနှင့် တဲများကိုထိမှန်ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူများတွင် ကလေးငယ် ၁၈ ဦးနှင့် အမျိုးသမီး ၁၃ ဦးပါဝင် ကြောင်း နက်ဆာဆေးရုံက ထုတ်ပြန်ထားသည်။
အစ္စရေးအစိုးရသည် ဟားမတ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီးနောက် ဂါဇာဒေသကို သိမ်းပိုက်ရန်၊ ပါလက်စတိုင်းပြည်သူများကို ဂါဇာတောင်ပိုင်းသို့ နှင်ထုတ်ရန်နှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့နေမှု အပေါ် လွှမ်းမိုးချုပ်ကိုင်ရန်တို့အတွက် စစ်ဆင်ရေးကြီးတစ်ရပ် ဆင်နွှဲနေကြောင်း ထုတ်ပြန်ထားသည်ဟု သိရသည်။
Source: https://myawady.net.mm/