SpaceX ၏ Starlink ဝန်ဆောင်မှုကို လေကြောင်းနှင့် ရေကြောင်း သွားလာရေးအတွက် ဆော်ဒီအား အသုံးပြုခွင့်ပြုမည်ဟု အီလွန်မက် ကြေညာ

News Image

  • SpaceX ၏ Starlink ဝန်ဆောင်မှုကို လေကြောင်းနှင့် ရေကြောင်း သွားလာရေးအတွက် ဆော်ဒီအား အသုံးပြုခွင့်ပြုမည်ဟု အီလွန်မက် ကြေညာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆော်ဒီအာရေဗျခရီးစဉ်တွင် လိုက်ပါလာသူ အီလွန်မက်က ဆော်ဒီအာရေဗျအား SpaceX ၏ Starlink ဝန်ဆောင်မှုကို လေကြောင်းနှင့် ရေကြောင်းသွားလာရေးအတွက် အသုံးပြုခွင့်ပြုမည်ဟု ဆုံးဖြတ်လိုက်ကြောင်း ရီယက်မြို့၌ ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် ထုတ်ဖော်ပြောကြားလိုက်ပါသည်။ 

အဆိုပါ ထိပ်သီးအစည်းအဝေးသို့ ဘီလီယံနာ သူဌေးကြီး အီလွန်မက်က OpenAI Inc. ၏ CEO ဆမ်အော့်မန်းနှင့် Amazon.com Inc. ၏ အကြီးအကဲ အန်ဒီဂျက်စီ အပါအဝင် အမေရိကန်စီးပွားရေးခေါင်းဆောင် ဒါဇင်ချီနှင့်အတူ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ မက်က သမ္မတ ထရမ့် နှင့် မင်းသားကြီး Mohammed Bin Salman တို့ကို ၎င်း၏ Tesla Inc. မှ Optimus စက်ရုပ်များ၏ “ထရမ့်ကကွက်များ” ကို ပြသခဲ့ ပါသည်။ 

မက်က ဆော်ဒီအာရေဗျတွင် လူနေမှုအဆင့်အတန်းမြှင့်တင်ရန် ၎င်း၏ ရည်မှန်းချက်အဖြစ် robotaxis နှင့် The Boring Company တူးမြောင်း များအပါအဝင် ၎င်း၏စီးပွားရေးအင်ပါယာမှ ဝန်ဆောင်မှုများကို တင်ပြခဲ့ပါသည်။ 

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ မက်သည် သမ္မတထရမ့်၏ အစိုးရ အသုံးစရိတ်လျှော့ချရေး ကြိုးပမ်းမှုများကို အကြံပေးနေသူလည်းဖြစ်ပါသည်။ Starlink သည် SpaceX ၏ ကမ္ဘာပတ်လမ်းကြောင်းအနိမ့်တွင် ဂြိုလ်တုထောင်ချီဖြင့် အင်တာနက်ဝန်ဆောင်မှုပေးနေသော စီမံကိန်းဖြစ်ပြီး မြေပြင်သို့ အမြန်နှုန်းမြင့်အင်တာနက်လိုင်းများ ဖြန့်ကြက် ပေးလျက်ရှိပါသည်။

ကိုးကား- Bloomberg

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃