စင်ကာပူ လေကြောင်းလိုင်း နှစ်စဉ်အမြတ်ငွေ ထပ်မံ မှတ်တမ်းသစ်တင်ခဲ့သော်လည်း ကုန်သွယ်ရေးအန္တရာယ်များ သတိပေး
နာမည်ကြီး စင်ကာပူလေကြောင်းလိုင်း၏ နှစ်စဉ် အသားတင် အမြတ်ငွေ မှာ ၃.၉% တိုးတက်ကာ နောက်ထပ်မှတ်တမ်းသစ်တင်နိုင်ခဲ့သော်လည်း ကုန်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ပတ်သက်၍ သတိပေးချက် ထုတ်ပြန် ထားပါသည်။
လေကြောင်းလိုင်း၏ အစီရင်ခံစာအရ မတ်လကုန်အထိ ဘဏ္ဍာရေးနှစ် အတွက် အသားတင်အမြတ်ငွေ စင်ကာပူဒေါ်လာ ၂.၇၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၁၄ ဘီလီယံ) အထိ ရောက်ရှိခဲ့ပါသည်။
သို့သော် ကုန်သွယ်ရေးမူဝါဒပြောင်းလဲမှုများ၊ ကုန်သွယ်ရေး တင်းမာမှု များနှင့် စီးပွားရေးမတည်ငြိမ်မှုများကြောင့် လေကြောင်းလုပ်ငန်းအတွက် စိန်ခေါ်မှုများ ရှိနေဆဲ ဟု ကုမ္ပဏီက သတိပေးခဲ့သည်။
ကိုဗစ်ကပ်အလွန်နောက်ပိုင်း ခရီးသည်အရေအတွက် စံချိန်တင် မြင့်တက်မှုနှင့်အတူ စင်ကာပူလေကြောင်းလိုင်းနှင့် ၎င်း၏ စျေးနှုန်း ချိုသာသော လေကြောင်းလိုင်း Scoot တို့မှာ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် အတွင်း စုစုပေါင်း ခရီးသည် ၃၉.၄ သန်းကို သယ်ဆောင်နိုင်ခဲ့ပြီး ယခင်နှစ်ထက် ၈.၁% တိုးတက်မှုရှိခဲ့ပါသည်။
ကိုးကား- The Wall Street Journal
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃