ဗန်းမော်မြို့တိုက်ပွဲ၌ တပ်မတော်ဘက်က စစ်ရေးချိန်ခွင်လျှာ အလေးသာလာ

News Image

  • ဗန်းမော်မြို့တိုက်ပွဲ၌ တပ်မတော်ဘက်က စစ်ရေးချိန်ခွင်လျှာ အလေးသာလာ

KIA ၏ ထိုးစစ်အရှိန်တန့်နေသော ဗန်းမော်မြို့ တိုက်ပွဲ၏စစ်ရေးချိန်ခွင် လျှာမှာ တပ်မတော်ဘက်သို့ အလေးသာသွားပြီဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောကြားချက်အရ သိရသည်။ ငါးလခန့် ကြာမြင့်လာခဲ့ပြီဖြစ်သော ဗန်းမော်တိုက်ပွဲသည် ကနဦးတွင် KIA က အင်အားအများအပြားဖြင့် တပ်မတော်စခန်းများကို စတင် တိုက်ခိုက် ခဲ့ရာ ထိုးစစ်ကအားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် တပ်မတော်၏ ခံစစ်ကြောင့် ထိခိုက်မှုများပြားခဲ့သည်။

သို့သော် ပြည်ပရောက်မီဒီယာများထက်တွင်မူ KIA ၏ ရှုံးပွဲများကို မတွေ့ ရဘဲ သတင်းအမှောင်ချထားကာ KIA ဘက်ကပြောကြားသည့် ဗန်းမော်မြို့တွင် စစ်ရေးအရအရေးသာနေသည်ဆိုသော သတင်းအမှားများကိုသာ ဖော်ပြထားကြောင်းတွေ့မြင်ရသည်။

“ဆုတ်စပြုတာတော့ ရှိနေတယ်။ မဆုတ်လည်း ရှေ့တိုးလို့မရဘူး။ သူတို့ သေနေကြတာပဲ။ ဘယ်နေရာမှ သူတို့မတိုးနိုင်ဘူး။ လေကြောင်းကရော ဒရုန်းကရော အရမ်းကောင်းတာကိုး။ အောက်ကတပ်ဖွဲ့ဝင်တွေကလည်း မာတယ်လေ။ ကြာလာလေလေ မာလေလေ ဖြစ်သွားပြီ” ဟု ၎င်းက ဆိုသည်။ လက်ရှိအနေအထားအရ KIA အနေဖြင့် ဗန်းမော်မြို့မှ ဆုတ်ခွာ ရလိမ့်မည်ဖြစ်ပြီး မဆုတ်ခွာဘဲပေကာ ဆက်တိုးဝင်နေပါက KIA ဘက် တွင် လူကုန်သွားလိမ့်မည်ဖြစ်ကြောင်း ၎င်းကအတိအကျပြောသည်။ “အရင်တုန်းကလို မာမာချာချာ ဝက်ဝက်ကွဲ တိုက်စစ်ကြီးမဟုတ်တာ သေချာသွားပြီ။ သူတို့က စစ်ဦးကိုလည်း ချရတယ်။ ဒီဘက်ကလည်း အရှိန်ကိုမလျော့လျော့အောင် လုပ်နေတာလေ။ တော်တော်တော့ လျော့တယ်။ ရှေ့မှာအများကြီး ပြင်းပြင်းထန်ထန်ဖြစ်နေတဲ့အချိန် နောက်မှာ Backup မရှိလောက်တော့ဘူးထင်တယ်။ အသေတအားများတာကိုး။ ဗန်းမော် ကတော့ စိုးရိမ်စရာအနေအထား ဘာမှမရှိတော့ပါဘူး” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိအနေအထားအရ ဗန်းမော်မြို့၏အခြေအနေနှင့် ဆုံးဖြတ်ချက်များကို တပ်မတော်ကသာ ချမှတ်နိုင်တော့မည့်အနေအထားဖြစ်ကြောင်း ၎င်းကဆိုသည်။ “ဗန်းမော်မြို့ အခြေအနေက ရန်သူအပေါ် မူမတည်တော့ဘူး။ ကျွန်တော်တို့ဘက်ကိုပဲ မူတည်သွားပြီ။ KIA အတွက် ကလည်း ဒါမိုင်ကုန်ပဲ။ ရန်သူမှာအခြေအနေ ဖန်တီးနိုင်ခွင့်မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။ 

ထို့ပြင် KIA က စတင်တိုက်ခိုက်ခဲ့သော စစ်ပွဲကြောင့် ဗန်းမော်မြို့မှာလည်း (၉၀) ရာခိုင်နှုန်း ပျက်စီးသွားခဲ့ပြီဖြစ်ကာ မြို့ခံစစ်ဘေးရှောင် ပြည်သူများအနေဖြင့် မြို့သို့ပြန်လည် ဝင်ရောက်နေထိုင်ချိန်မှသာ ပြန်လည်ထူထောင်ရေး စတင်ရမည့်အခြေအနေဖြစ်ကြောင်း သိရသည်။

ကိုးကား- NP News