အိန္ဒိယနိုင်ငံအတွင်း ခိုးဝင်သည့် NUG/ PDF အကြမ်းဖက်သမား ၁၀ ဦး ကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က ရှင်းလင်း

News Image

  • အိန္ဒိယနိုင်ငံအတွင်း ခိုးဝင်သည့် NUG/ PDF အကြမ်းဖက်သမား ၁၀ ဦး ကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က ရှင်းလင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ထန်းဇင်ကျေးရွာနှင့် အိန္ဒိယနိုင်ငံ နယ်စပ်အနီးတွင် အိန္ဒိယနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်ခဲ့သည့် NUG/PDF အကြမ်းဖက်အဖွဲ့ကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့မှ ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမား (၁၀) ဦး သေဆုံးသွားကြောင်း သိရသည်။

မဏိပူရ်ပြည်၊ ဂျန်ဒေခရိုင် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ် New Santal အနီးတစ်ဝိုက်တွင် မေလ (၁၄) ရက် နံနက်ပိုင်းက အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စစ်ဆင်ရေးဆောင်ရွက်နေစဉ် NUG/PDF အကြမ်းဖက်အဖွဲ့က စတင်ပစ်ခတ်ခဲ့သဖြင့် ပြန်လည်နှိမ်နင်းခဲ့ရာ အကြမ်းဖက်သမား (၁၀) ဦး သေဆုံးသွားပြီး လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရမိခဲ့ကြောင်း အိန္ဒိယအာသံရိုင်ဖယ်တပ်က မေလ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များက နှိမ်နင်းသဖြင့် သေဆုံးသွားသည့် အကြမ်းဖက်သမားများ၏ အလောင်းများကို မေလ (၁၆) ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုးကား- MNP