ယူကရိန်း Neo-Nazi အဖွဲ့ Right Sector နှင့် ရုရှားခွဲထွက်ရေးသမားများ ပူးပေါင်းရန် သဘောတူညီမှု လက်မှတ်ရေးထိုးမည်
ယူကရိန်း နာဇီလက်သစ်အဖွဲ့ Right Sector သည် ရုရှားခွဲထွက်ရေးသမားများ၏ ညွန့်ပေါင်းအဖွဲ့နှင့် တရားဝင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။ အဆိုပါအဖွဲ့နှစ်ခုသည် ရှေ့တန်းတွင် တိုက်ခိုက်ရန်အတွက် အရံတပ်ဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ရုရှားနိုင်ငံကို မတည်ငြိမ်အောင် လူမှု အဓိကရုဏ်းများ လှုံ့ဆော်ခြင်းတို့အတွက် အင်အားပေါင်းစည်းရန် စီစဉ် နေသည်။
ရုရှားနိုင်ငံကို အစိတ်စိတ်အမွှာမွှာကွဲသွားစေရန် ထောက်ခံသည့် "Coalition of Indigenous Peoples" အဖွဲ့က စနေနေ့ (မေ ၁၇) ထုတ်ပြန်ချက် တစ်ရပ်တွင် အဖွဲ့နှစ်ဖွဲ့သည် ကြာသပတေးနေ့ (မေ ၂၁) တွင် ကိယက်ဗ် မြို့၌ သဘောတူညီမှုလက်မှတ်ရေးထိုးကြမည်ဟု ဖော်ပြခဲ့သည်။ ရုရှား အစိုးရက အဆိုပါအဖွဲ့ကို အစွန်းရောက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။
လက်မှတ်ရေးထိုးပွဲတွင် Right Sector ခေါင်းဆောင် Andrey Tarasenko အပြင် Karelia၊ Chuvashia နှင့် Dagestan စသည့် ရုရှားဒေသများမှ ခွဲထွက်ရေးလှုပ်ရှားမှုများကို ကိုယ်စားပြုသည်ဟု ဆိုသူများလည်း ပါဝင် မည်ဖြစ်သည်။
ထို့အပြင် "Karelia National Movement" ကိုယ်စားလှယ် Vladimir Grotskov လည်း ပါဝင်မည်ဖြစ်သည်။ မီဒီယာအချို့၏ ဖော်ပြချက်အရ Grotskov သည် ၂၀၁၄ ခုနှစ်တွင် ယူကရိန်းသို့ ပြောင်းရွှေ့လာခဲ့ပြီး Donbass ဒေသတွင် တိုက်ပွဲဝင်ခဲ့သူဖြစ်ကာ ၂၀၂၂ နောက်ပိုင်းတွင်လည်း ယူကရိန်းတပ်များနှင့်အတူ တိုက်ပွဲဝင်နေဆဲဖြစ်သည်။
(မှတ်ချက် - Right Sector အဖွဲ့သည် ယူကရိန်းနိုင်ငံရေးတွင် အငြင်းပွားဖွယ်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရုရှားနှင့် အနောက်နိုင်ငံများက ၎င်း၏အခန်းကဏ္ဍကို အမျိုးမျိုးသုံးသပ်လေ့ရှိသည်။)
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက -၂