တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား အသိပညာပေး ဟောပြော

News Image

  • တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား အသိပညာပေး ဟောပြော

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား အသိပညာပေးဟောပြောပွဲကို မေလ ၁၉ ရက်နေ့၊ နံနက် (၁၀) နာရီက တံတားဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမရှေ့၌ ကျင်းပကြောင်းသိရသည် ။

အခမ်းအနားတွင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကနေဒီထွန်းက ပြောကြားရာတွင် ပြူကန် ကန်မှ မိုးစပါးစိုက် ရေသောက်စနစ်ဖြင့် စိုက်ပျိုးကြမည့်တောင်သူများအနေဖြင့် ကန်ရေမရရှိမည့် အခြေအနေပေါ်တွင် သက်တမ်းတိုမျိုးများ၊ ရေအနည်းလိုစပါးမျိုးများနှင့် စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးကြရေး၊တစ်ပိုင်တစ်နိုင်ရေကန်များပြုလုပ်ခြင်းတို့အပြင် စုပေါင်း၍ ပျိုးသင့်ကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်း ပြောကြားသည် ။

ဆက်လက်၍ တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းကြပြီး တောင်သူများအား သက်ဆိုင်ရာဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)