အိန္ဒိယကွန်မန်ဒိုများက နိုင်ငံအလယ်ပိုင်း၌ သောင်းကျန်းသူ ၃ဝ ခန့်ကို ပစ်ခတ်ချေမှုန်း
အိန္ဒိယကွန်မန်ဒိုများသည် မေလ ၂၁ ရက်တွင် နိုင်ငံအလယ်ပိုင်း၌သောင်းကျန်း သူ ၃၀ ခန့်ကို ပစ်ခတ်ချေမှုန်းလိုက်နိုင် ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။
အိ န္ဒိယအစိုးရတပ်ဖွဲ့များသည် နာရှာ လိုက်သောင်းကျန်းသူများအဖွဲ့အပေါ် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ထိုးစစ်ဆင်တိုက်ခိုက်မှုများလုပ်ဆောင် လာခြင်းဖြစ်ပြီး ၁၉၆၇ ခုနှစ်နောက်ပိုင်း ဖြစ်ပွားသည့် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၂၀၀၀ ကျော်သေဆုံးထား သည်။
ယခုဖြစ်ပွားသည့် အပြန်အလှန်တိုက် ခိုက်မှုတွင် သောင်းကျန်းသူအင်အား ၃၀ ခန့်ကိုဖြိုခွင်းလိုက်နိုင်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုသည် ချက်တစ်ဂါ့ပြည်နယ် ရှိ တောအုပ်တစ်ခုအတွင်းဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ထိုတောအုပ်သည် သောင်း ကျန်းသူများအခြေချရာနေရာတစ်ခုဖြစ် ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးကပြော ထားသည်။ ချေမှုန်းခံရသူများတွင် သောင်း ကျန်းသူအဖွဲ့၏ ခေါင်းဆောင်ပိုင်းများ ပါဝင်ကြောင်းသိရသည်။
Ref: Xinhua
Photo- Online