တရုတ်နှင့်ရုရှားတို့က ဆက်ဆံရေးပိုမိုခိုင်မာစေရန် အရှေ့ပင်လယ်အတွင်း ပူးတွဲရေတပ်စစ်ရေး လေ့ကျင့်ခန်းပြုလုပ်
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က နှစ်နိုင်ငံကြား ချစ်ကြည်ရေး ပိုမိုခိုင်မာစေရန် အရှေ့ပင်လယ်အတွင်း ပူးတွဲရေတပ်စစ်ရေး လေ့ကျင့်ခန်းကို ဩဂုတ်လ ၃ ရက်တွင် လုပ်ဆောင်ကြောင်း သိရသည်။
အဆိုပါ အင်အားကြီးနှစ်နိုင်ငံသည် စီးပွားရေးနှင့်နိုင်ငံရေးတွင် ပူးပေါင်းဆောင် ရွက်မှုများကို တိုးမြှင့်ထားသည်သာမက စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို လည်း မြှင့်တင်လာခြင်းဖြစ်သည်။
Joint Sea-2025 ဟုအမည်ပေးထားသည့် အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို ရုရှားနိုင်ငံ ဗလာဒီ ဗော့စတော့မြို့ အနီး၌ စတင်ခြင်းဖြစ်ပြီး အချိန်အားဖြင့် သုံးရက်ကြာမြင့် မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၃ ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ရေးလေ့ကျင့်ခန်းတွင် ရေငုပ်သင်္ဘောကယ်ဆယ်ရေး၊ ပူးတွဲရေငုပ် သင်္ဘောတိုက်ဖျက်ရေး၊ လေကြောင်းရန် ကာကွယ်ရေး၊ ပူးတွဲဒုံးဖျက်စစ်ဆင်ရေး၊ ရေကြောင်းတိုက်ခိုက်ရေးလေ့ကျင့်ခန်း များပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တရုတ်နှင့်ရုရှားနိုင်ငံတို့သည် အဆိုပါ စစ်ရေးလေ့ကျင့်ခန်းလုပ်ဆောင်ပြီးပါက လည်း ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိဆက်စပ် ရေပြင်၌ ပူးတွဲကင်းလှည့်မှုများလုပ်သွားမည်ဖြစ်သည်။ ယင်းနှစ်နိုင်ငံသည် Joint Sea အမည်ဖြင့်စစ်ရေးလေ့ကျင့်ခန်းများ ကို ၂၀၁၂ ခုနှစ်ကတည်းကလုပ်ဆောင်လာခြင်းဖြစ်သည်။
Ref: GT