ဂျပန်စိုက်ပျိုးရေးဝန်ကြီး Eto Taku နှုတ်ထွက်ခွင့်တင်

News Image

  • ဂျပန်စိုက်ပျိုးရေးဝန်ကြီး Eto Taku နှုတ်ထွက်ခွင့်တင်

ဂျပန်စိုက်ပျိုးရေးဝန်ကြီး Eto Taku သည် ဆန်နှင့်ပတ်သက်၍ အငြင်းပွားဖွယ်မှတ်ချက်ပြုပြီးနောက် ဗုဒ္ဓဟူးနေ့ (မေ ၂၁) နံနက်တွင် ၎င်း၏ နုတ်ထွက်စာကို ၀န်ကြီးချုပ် Ishiba Shigeru ထံ တင်ပြခဲ့ကြောင်း သိရှိ ရပါသည်။ 

ဂျပန်စိုက်ပျိုးရေးဝန်ကြီး Eto Taku က ၎င်းအား ထောက်ခံသူများထံမှ ဆန်ကို  အလကားရရှိသောကြောင့် ဆန်ကို တစ်ခါမှ ဝယ်ယူဖူးခြင်း မရှိကြောင်းနှင့် ဆန်များမှာ ပိုလျှံနေသည့်အတွက် ပြန်လည် ရောင်းချ နိုင်သည့် အနေအထားတွင်ရှိပါကြောင်း တနင်္ဂနွေနေ့ (မေ ၁၈) တွင် ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ပြောကြားပြီးနောက် ဂျပန်စိုက်ပျိုးရေးဝန်ကြီး Eto Taku က  နှုတ်ထွက်ခွင့်တင်လာရခြင်းမှာ ၎င်း၏မှတ်ချက်သည် စိုက်ပျိုးရေး မူဝါဒအကောင်အထည်ဖော်နေမှုအခြေအနေကို ထိခိုက်လာ နိုင်ဖွယ်ရှိနိုင်သည့်အတွက် နုတ်ထွက်ခွင့်ကို ခွင့်ပြုခဲ့ကြောင်း ပြောကြား ထားပါသည်။ 

Eto က ဂျပန်ပြည်သူများအနေဖြင့် ဆန်ဈေးနှုန်း အဆမတန်တက်နေသည့် ဒဏ်ကို ရင်ဆိုင်နေရသည့်အချိန်တွင်ယခုကဲ့သို့ မှတ်ချက်ပြုခဲ့သည့်အတွက် တောင်းပန်ကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။

ကိုးကား- NHK World

ဘာသာပြန်ဆိုသူ- ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃