မော်စကိုလုံခြုံရေးဖိုရမ် တက်ရောက်ရန် ရုရှားက အမေရိကန်ကို ဖိတ်ကြား
ရုရှားနိုင်ငံ မော်စကိုမြို့တော်တွင် မေ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် ၁၃ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအဆင့်မြင့် အစည်းအဝေးသို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်အဖွဲ့ ၁၂၅ ဖွဲ့ တက်ရောက်ရန် အတည်ပြုထားကြောင်း ရုရှားလုံခြုံရေးကောင်စီက တနင်္လာနေ့တွင် သတင်းထုတ်ပြန်ထားပြီးဖြစ်ပါသည်။
အဆိုပါလုံခြုံရေးဖိုရမ်ကို ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး Sergei Shoigu ဦးဆောင်ကျင်းပမည်ဖြစ်ပြီး၊ လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးမှုများ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။ ထူးခြားသည်မှာ ယခု ဖိုရမ်သို့ အမေရိကန် အပါအဝင် ရုရှားနှင့်မသင့်မြတ်သော နိုင်ငံများကိုပါ ဖိတ်ကြားထားသလို ၎င်းတို့ဘက်မှလည်း တက်ရောက်ရန် စိတ်ဝင်စား သည့် တုံ့ပြန်မှုများရှိနေကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုတိယ အတွင်း ရေးမှူး Alexander Venediktov က ပြောကြားထားပါသည်။
ယခုဖိုရမ်သည် ကမ္ဘာ့လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ရုရှားဘက်က အလေးထားဖော်ပြထားပါသည်။
ကိုးကား- Sputnik
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃