တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ် ထိပ်သီးအစည်းအဝေးတက်ရောက်မည်
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ် ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံသို့ တရားဝင်လာရောက်လည်ပတ်မည်ဖြစ်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့(မေ ၂၂)တွင် သတင်း ထုတ်ပြန်သည်။ လီသည် မေလ ၂၆ ရက် နေ့မှ ၂၈ ရက်နေ့အထိ အာဆီယံ-ဂျီစီစီ (ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ)-တရုတ် ထိပ်သီးအစည်းအဝေးကို မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်၏ ဖိတ်ကြားချက်အရ တက်ရောက်မည်ဖြစ်ကြောင်း ကိုလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
၇၅ နှစ်ကြာ သမိုင်းဝင် တရုတ်-အင်ဒိုနီးရှား ဆက်ဆံရေးသည် လက်တွေ့ ကျသော ပူးပေါင်းဆောင်ရွက်မှုဖြင့် ရလဒ်ကောင်းများ ဆက်တိုက် ဖြစ်ထွန်း လာခဲ့ကြောင်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်ဝ်နင်းက ကြာသပတေးနေ့ (မေ ၂၂)တွင် ပြုလုပ်သည့် နေ့စဉ်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ပြီးခဲ့သောနှစ်တွင် နှစ်နိုင်ငံ ဆက်ဆံရေးကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ကာ ဒေသတွင်းနှင့် ကမ္ဘာလုံး ဆိုင်ရာ သြဇာလွှမ်းမိုးမှုနှင့်အတူ အနာဂတ် တရုတ်-အင်ဒိုနီးရှား အသိုက် အဝန်းကို တည်ဆောက်ရန် အရေးကြီးသော သဘောတူညီမှု ရရှိခဲ့သည်။ လီ၏ အစီအစဉ်တွင် သမ္မတ ပရာဘိုဝို အပါအဝင် အင်ဒိုနီးရှား ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပါဝင်မည်ဖြစ်ပြီး၊ ၎င်းတို့သည် အဆင့်မြင့် နှင့် ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆွေးနွေး ကြမည်ဖြစ်သည်။ လီသည်လည်း ဒေသတွင်း စီးပွားရေး အသိုင်းအဝိုင်း ၏ လှုပ်ရှားမှုများကိုလည်း တက်ရောက်မည်ဟု မော်ဝ် က ဆိုသည်။
တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံနှင့် အစဉ်အလာအရ ချစ်ကြည် ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် မဏ္ဍိုင်ကြီးငါးရပ်ဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ ပြည်သူများနှင့် ယဉ်ကျေးမှု ဖလှယ်ရေး၊ ရေကြောင်းရေးရာနှင့် လုံခြုံရေးတို့၌ ပူးပေါင်း ဆောင်ရွက်မှု ကို စဉ်ဆက်မပြတ် ခိုင်မာစေရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။ နှစ်နိုင်ငံ၏ ခေတ်မီတိုးတက်ရေး လမ်းကြောင်းတစ်လျှောက်တွင် ဘုံအနာဂတ်ရှိသောနှစ်နိုင်ငံသည် တရုတ်-အင်ဒိုနီးရှား ရင်းနှီးမှု အသိုက် အဝန်း၏ အဓိပ္ပာယ်ကို အဆက်မပြတ် တိုးပွားစေပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေး တို့အတွက် ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်နိုင်မည်ဟု မျှော်လင့် ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပထမအကြိမ်ကျင်းပမည့် အာဆီယံ-ဂျီစီစီ-တရုတ် ထိပ်သီး အစည်းအဝေး တွင် အာဆီယံနှင့် ဂျီစီစီ နိုင်ငံများသည် အာရှတွင် ထွန်းသစ်စ စီးပွားရေး နိုင်ငံများ၊ ကမ္ဘာ့တောင်ဘက်၏အရေးပါသော အဖွဲ့ဝင်များနှင့် ရပ်ဝန်းနှင့် လမ်းမစီမံကိန်း (Belt and Road) ပူးပေါင်းဆောင်ရွက်မှုတွင် အရေးကြီးသောမိတ်ဖက်များ ဖြစ်ကြောင်း မော်ဝ်က ပြောကြားခဲ့သည်။ အာဆီယံ-ဂျီစီစီ-တရုတ် ထိပ်သီးအစည်းအဝေးကျင်းပရန် အဆိုပြုရာတွင် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌ မလေးရှားကို တရုတ်နိုင်ငံက ထောက်ခံကြောင်း သူကပြောကြားခဲ့သည်။
လက်ရှိ နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေများအရ စည်းလုံး ညီညွတ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝ ပြောရေးနှင့် ဒေသအနှံ့အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရေး အစီအစဉ်များကို သုံးပွင့်ဆိုင် ပူးပေါင်း ဆွေးနွေးရန် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် နယ်ပယ်အသီးသီးတွင် အာဆီယံနှင့် ဂျီစီစီနိုင်ငံများနှင့် လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှု ကို ချဲ့ထွင်ရန်၊ အားသာချက်များကို အသုံးချကာ နှစ်ဦးနှစ်ဘက် အကျိုး ရှိသော ရလဒ်များရရှိရေး၊ နိုင်ငံစုံကုန်သွယ်မှုစနစ်ကို ပူးတွဲကာကွယ်ကာ ကမ္ဘာ့တောင်ဘက်၏ ဘုံအကျိုးစီးပွားကို ကာကွယ်ရန် မျှော်လင့်ကြောင်း မော်ဝ်က ပြောကြားခဲ့သည်။
ကိုးကား- Popular Journal