တရုတ်(တိုင်ပေ)အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန် ဆန္ဒ ရှိသည်ဟု တရုတ်အစိုးရပြော

News Image

  • တရုတ်(တိုင်ပေ)အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန် ဆန္ဒ ရှိသည်ဟု တရုတ်အစိုးရပြော

တရုတ်(တိုင်ပေ)အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ရန် ဆန္ဒ ရှိသည်ဟု တရုတ်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါသည်။ သို့သော်လည်း အဆိုပါတွေ့ဆုံဆွေးနွေးမှုများသည် အခြေအနေအမျိုးမျိုး သတ်မှတ်ထားခြင်း ရှိလိမ့်မည်ဟုလည်း တရုတ်အစိုးရကပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံနှင့် ဆက်သွယ်မှုများလုပ်ဆောင်ရန် အဆင်သင့်ရှိသည်ဟု တရုတ်(တိုင်ပေ)သမ္မတလိုင်ချန်တေးက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် တရုတ်အစိုးရ၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ တရုတ်၏ တရုတ်(တိုင်ပေ)ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ချန်းဘင်ဟွာ က “တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခြေခံပြီး ပြန်လည် ပေါင်းစည်းရေးကို မြှင့်တင်ပေးမည့်ကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ရန် တရုတ်ဘက်က အဆင်သင့်ရှိပါသည်” ဟု ပြောဆိုခဲ့ ပါသည်။

တရုတ်အစိုးရသည် လိုင်ချန်တေးကို ခွဲထွက်ရေးသမားတစ်ဦးအဖြစ် သတ်မှတ်ထားပြီး ဆွေးနွေးမှုများလုပ်ဆောင်ရန် လိုင်ချန်တေး၏ ကမ်းလှမ်းမှုများကို အကြိမ်ကြိမ်ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်းသိရပါသည်။ ထို့အပြင် တရုတ်အစိုးရသည် တရုတ်(တိုင်ပေ)ကျွန်းကို ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာရှုမြင်ထားသော်လည်း တရုတ် (တိုင်ပေ)အစိုးရကမူ ၎င်း၏ပြည်သူများကသာ ၎င်းတို့၏အနာဂတ်ကို ဆုံးဖြတ်နိုင်သည်ဟု အခိုင်အမာပြန်လည်တုံ့ပြန်ပြောကြားခဲ့ပါသည်။

ကိုးကား- NP News