ထိုင်းနိုင်ငံတွင် ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ပြီး လိုက်ပါသွားသူ အားလုံး သေဆုံး

News Image

  • ထိုင်းနိုင်ငံတွင် ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ပြီး လိုက်ပါသွားသူ အားလုံး သေဆုံး

ထိုင်းနိုင်ငံတွင် ရဲတပ်ဖွဲ့ပိုင် ရဟတ်ယာဉ်တစ်စင်းပျက်ကျပြီး မီးလောင်ကျွမ်းသွားခဲ့ရာ လူ (၃) ဦးသေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ Kanchanaburi Police Aviation Unit ပိုင် Bell 212 လေယာဉ်သည် Prachuap Khiri Khan ပြည်နယ်ရှိ ရွာတစ်ရွာအနီး၌ ပျက်ကျသွားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရပါသည်။

အဆိုပါဖြစ်စဉ်အတွင်း လေယာဉ်မှူးနှစ်ဦးနှင့် စက်ပြင်ဆရာတစ်ဦးတို့ သေဆုံးသွားခဲ့ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရပါသည်။ ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက် မီးသတ်သမားများသည် အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းသွားရောက်ကာ မီးငြှိမ်းသတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားခဲ့ပါသည်။

ရဟတ်ယာဉ်ပျက်ကျမှု အကြောင်းအရင်းကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ချက်ချင်း လုပ်ဆောင်ရန်နှင့် သေဆုံးသွားသူများ၏ မိသားစုဝင်များကို လျော်ကြေးငွေပေးအပ်ရန် ရဲချုပ် Kitrat Panphetက အမိန့်ပေးခဲ့သည်ဟု သိရပါသည်။

ကိုးကား- NP News