ထိုင်းနှင့်ကမ္ဘောဒီးယားနယ်စပ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုများဖြစ်ပွား

News Image

  • ထိုင်းနှင့်ကမ္ဘောဒီးယားနယ်စပ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုများဖြစ်ပွား

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်၌ မေလ၂၈ ရက်နံနက်ပိုင်းတွင်လုံခြုံ ရေးတပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုများ ဖြစ်ပွားကြောင်းနှင့်ထိုပဋိပက္ခပြေလည်ရေး အတွက် နှစ်ဖက်တာဝန်ရှိသူများက ဆွေးနွေးမှုများကိုလုပ်ဆောင်ရကြောင်း သိရ သည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ နေရာသည် နှစ်နိုင်ငံကြားပိုင်နက်အငြင်းပွားနေသည့်နေရာတွင်ဖြစ်ပြီး ကမ္ဘောဒီးယား စစ်သည်များက နှစ်နိုင်ငံကြားသဘော တူညီချက်ကိုချိုးဖောက်ကာ အငြင်းပွား

နယ်မြေသို့ဝင်ရောက်၍ ထိုင်းစစ်သည် များနှင့်ထိပ်တိုက်တွေ့ဆုံစဉ် စတင် ပစ်ခတ်ခြင်းများဖြစ်သောကြောင့် ထိုင်းစစ်သည် များကလည်း တုံ့ပြန်ပစ်ခတ်ခဲ့ရကြောင်း ထိုင်းစစ်ဘက်ကပြောသည်။

ထိုဖြစ်စဉ်တွင် ထိခိုက်သေဆုံးဒဏ်ရာ ရရှိသူတစ်ဦးမျှမရှိကြောင်း ထိုင်းတပ်မတော်မှပြောရေးဆိုခွင့်ရှိသူကပြောထားသော်လည်း ကမ္ဘောဒီးယားတပ်မတော်မှပြောရေးဆိုခွင့်ရှိသူကမူ ကမ္ဘောဒီးယားစစ်သည်တစ်ဦးသေဆုံးကြောင်းပြောထားသည်ဟုသိရသည်။

Ref: TST

Photo - Al Jazeera