ဂါဇာတွင် အကျဉ်းခံခဲ့ရသည့် အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) စစ်မှုထမ်းဟောင်းတစ်ဦးက သူမ၏ အကြီးမားဆုံး ကြောက်ရွံ့မှုများထဲမှ တစ်ခုမှာ အစ္စရေး၏ တိုက်ခိုက်မှုများဖြစ်ကြောင်း ပြောကြား

News Image

  • ဂါဇာတွင် အကျဉ်းခံခဲ့ရသည့် အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) စစ်မှုထမ်းဟောင်းတစ်ဦးက သူမ၏ အကြီးမားဆုံး ကြောက်ရွံ့မှုများထဲမှ တစ်ခုမှာ အစ္စရေး၏ တိုက်ခိုက်မှုများဖြစ်ကြောင်း ပြောကြား

အကျဉ်းသားလဲလှယ်မှု သဘောတူညီချက်အရ ဟားမက်မှ လွှတ်ပေးခဲ့သည့် အစ္စရေးစစ်သားတစ်ဦးက အကျဉ်းခံဘဝအတွင်း သူမ အကြောက်ဆုံးအရာမှာ အစ္စရေး၏ တိုက်ခိုက်မှုများဖြစ်ကြောင်းပြောကြားခဲ့သည်။ “ဒါဟာ အခြားဘယ်အရာထက်မဆို ကျွန်မကို ပိုပြီးအန္တရာယ် ဖြစ်စေသည့်အရာပါ” ဟု Na’ama Levy က ဆိုသည်။

အစ္စရေးဝန်ကြီးချုပ် ဘတ်ဂျမင် နေတန်ယာဟုက ယခုလအစောပိုင်းအတွင်း “မိမိတို့၏ ရန်သူများကို အနိုင်ယူရန်သည် အဓိကပန်းတိုင်ဖြစ်ပြီး ဂါဇာမှာ ကျန်ရှိနေသေးသည့် အကျဉ်းသားများကို ကယ်တင်ရန်ထက် ပိုအရေးကြီးပါသည်” ဟု ပြောဆိုခဲ့သည့် နောက်ပိုင်းတွင် အကျဉ်းသားဟောင်း၏ ထုတ်ဖော်ပြောဆိုမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂