အမေရိကန်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွား

News Image

  • အမေရိကန်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွား

အမေရိကန်၊ Connecticut ပြည်နယ်၊ Waterbury မြို့ရှိ ဈေးဝယ်စင်တာ တစ်ခုအတွင်း အင်္ဂါနေ့ (မေ ၂၇) က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူအချို့ ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါပစ်ခတ်မှုသည် Brass Mill Center ဟုခေါ်သော ဈေးဝယ်စင်တာ တွင် ညနေ ၄:၄၀ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Waterbury ရဲတပ်ဖွဲ့မှူး Fernando Spagnolo က သတင်းစာ ရှင်းလင်းပွဲတွင် “ဒဏ်ရာရသူအားလုံးကို ဒေသဆေးရုံများသို့ ပို့ဆောင်ပြီး ကုသမှုခံယူနေကြပါပြီ။ လတ်တလောတွင် သေဆုံးသူမရှိပါ” ဟု ပြောကြားခဲ့သည်။

Waterbury ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တစ်စောင်တွင် “အရေးပေါ် ဝန်ထမ်းများ ထိရောက်စွာတုန့်ပြန်နိုင်ရန်နှင့် လုံခြုံရေးအာမခံနိုင်ရန်ပြည်သူများအနေဖြင့် ဖြစ်ရပ်ဖြစ်ပွားရာနေရာသို့ သွားရောက်ခြင်း မပြုကြရန် တိုက်တွန်းအပ်ပါသည်” ဟု ဖော်ပြထားသည်။

ပစ်ခတ်မှုကျူးလွန်သူသူ အရေအတွက်နှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းမရှိသေးဘဲ လက်ရှိအချိန်အထိ တစ်ဦးတစ်ယောက်မျှ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်းလည်း သိရှိရပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂