အိန္ဒိယစစ်တပ်က ပြည်တွင်းထုတ် ဒရုန်းများကို ထုတ်ဖော်ပြသ

News Image

  • အိန္ဒိယစစ်တပ်က ပြည်တွင်းထုတ် ဒရုန်းများကို ထုတ်ဖော်ပြသ

အိန္ဒိယစစ်တပ်မှ ဗိုလ်ချုပ်ကြီး Upendra Dwivedi သည် အင်္ဂါနေ့ (မေ ၂၇) တွင် ပြည်တွင်းထုတ် ဒရုန်းနည်းပညာများ၊ ဒရုန်းကာကွယ်ရေးစနစ်များနှင့် ပစ်လွှတ်ပြီးနောက် ပစ်မှတ်ရှာဖွေတိုက်ခိုက်နိုင်သည့် (kamikaze) ဒရုန်းလက်နက်များ၏ သရုပ်ပြမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အိန္ဒိယအရာရှိများအဆိုအရ ယခုသရုပ်ပြမှုကို အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်ရှိ Babina Field Firing Ranges တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယစစ်တပ်က X တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် “အဆိုပါ နည်းပညာစွမ်းရည်များသည် မတူညီသော မြေမျက်နှာသွင်ပြင်များတွင် စစ်ဆင်ရေး၏ထိရောက်မှု၊ တပ်ဖွဲ့ဝင်များ၏လုံခြုံရေးနှင့် တိကျသော တိုက်ခိုက်မှုစွမ်းရည်များကို သိသိသာသာ မြှင့်တင်ပေးလိမ့်မည်” ဟု ဖော်ပြထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂