ဂါဇာ၌ ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို အစ္စရေးနှင့် ဟားမတ်တို့ သဘောတူ

News Image

  • ဂါဇာ၌ ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို အစ္စရေးနှင့် ဟားမတ်တို့ သဘောတူ

အစ္စရေးနှင့်ဟားမတ်တို့က ဂါဇာဒေသ၌ ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို သဘောတူလိုက်ပြီ ဖြစ်ကြောင်း အမေရိကန် သတင်းဌာနများ ကဖော်ပြထားသည်။

အမေရိကန်အထူး ကိုယ်စားလှယ် စတိဝစ်ကော့ အဆိုပြုထားသည့် လမ်းပြမြေပုံကို လက်ခံရန်အသင့်ရှိသည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက  ဂါဇာ၌အဖမ်း ခံထားရသည့် ဓားစာခံများ၏ မိသားစုဝင်များနှင့် တွေ့ဆုံစဉ် ပြောခြင်းဖြစ်သည်။

အလားတူ ဟားမတ်အဖွဲ့သည် ယာယီ အပစ်အခတ် ရပ်စဲရေးအတွက် အပြန်အလှန်အနေဖြင့် ၎င်းတို့ဖမ်းဆီး ထိန်းသိမ်း ထားသော ဓားစာခံများကိုပြန်လွှတ်ပေးရန်သဘောတူသည်ဟု အာရပ်မီဒီယာများ ကဖော်ပြထားသည်။

ဟားမတ်အဖွဲ့အနေဖြင့် ၎င်းတို့ထိန်းသိမ်းထားသော အသက်ရှင်လျက်ရှိသူ ဓားစာခံ ၁၀ ဦးနှင့် သေဆုံးသွားသူ ၁၈ ဦး ၏ အလောင်းများကို သီတင်းပတ်တစ်ပတ် အတွင်းလွှဲပြောင်း ပေးသွားမည်ဖြစ်သည်။ သို့သော်  ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးနိုင်ခြင်း ရှိ၊ မရှိကိုမူ စိုးရိမ်နေကြောင်း သိရသည်။

Source: Myawady Web Portal