ထရမ့်၏ အကောက်ခွန်များ ပြန်လည်အသက်ဝင်

News Image

  • ထရမ့်၏ အကောက်ခွန်များ ပြန်လည်အသက်ဝင်

US federal appeals တရားရုံးမှ သမ္မတဒေါ်နယ်ထရမ့်၏ ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်ရေးအကောက်ခွန်များကို ယာယီပြန်လည် အသက်ဝင်စေခဲ့ပြီး ယခင်ကအကောက်ခွန်များကို တားဆီးခဲ့သည့် ဆုံးဖြတ်ချက်နှင့် အိမ်ဖြူတော်၏အာဏာကျော်လွန်ခဲ့သည် ဟူသောတွေ့ရှိချက်ကို ရပ်ဆိုင်း လိုက်သည်။

ကြာသပတေးနေ့ (မေ ၂၉) တွင် US Court of Appeals for the Federal Circuit မှ အမေရိကန်နိုင်ငံတကာကုန်သွယ်ရေးတရားရုံး၏ ယမန်နေ့က ထုတ်ပြန်ခဲ့သော အမြဲတမ်းတားမြစ်ချက်များကို ချက်ချင်းရပ်ဆိုင်းရန် အုပ်ချုပ်ရေးဆိုင်ရာအမိန့် ထုတ်ပြန်ခဲ့ပြီး အကောက်ခွန်များကို အနည်းဆုံး ဇွန်လ ၉ ရက်နေ့အထိ ဆက်လက်ကျင့်သုံးမည်ဖြစ်သည်။

“တရားလို-အယူခံဝင်သူများသည် ဇွန်လ ၅ ရက်၊ ၂၀၂၅ မတိုင်မီ အမေရိကန် ပြည်ထောင်စု၏ ပြန်လည်အသက်ဝင်စေမှုအား တုံ့ပြန်ချေပရန် ညွှန်ကြား ထားသည်” ဟု အယူခံတရားရုံးက ပြောကြားခဲ့သည်။ “အမေရိကန် ပြည်ထောင်စုသည် ဇွန်လ ၉ ရက်၊ ၂၀၂၅ မတိုင်မီ တစ်စောင်တည်းသော ပေါင်းစပ်ပြန်ကြားချက်ထောက်ခံစာကို တင်သွင်းနိုင်သည်” ဟု ဆိုသည်။

ကုန်သွယ်ရေးတရားရုံးက ထရမ့်အာဏာကျော်လွန်ခဲ့သည်ဟု ဗုဒ္ဓဟူးနေ့ (မေ ၂၈) က ဆုံးဖြတ်ခဲ့ပြီး နိုင်ငံတကာ စီးပွားရေး အရေးပေါ် အာဏာဥပဒေ (IEEPA) ၏အနက်ဖွင့်ဆိုချက်တွင် အုပ်ချုပ်ရေးမှ ကွန်ဂရက်ကို ကျော်ဖြတ်၍ အကောက်ခွန်များကျင့်သုံးရန် ထိုအာဏာများကို အသုံးပြုခဲ့သည်ဟုဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂