တနင်္သာရီတိုင်းဒေသကြီးအတွင်း ဈေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်သည့် ကော်ဖီသီးနှံကို ယခုနှစ်တွင် ဧက ၁ဝဝဝ တိုးချဲ့စိုက်ပျိုးသွားမည်

News Image

  •  တနင်္သာရီတိုင်းဒေသကြီးအတွင်း ဈေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်သည့် ကော်ဖီသီးနှံကို ယခုနှစ်တွင် ဧက ၁ဝဝဝ တိုးချဲ့စိုက်ပျိုးသွားမည်

မြိတ် ဇွန် ၁

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဈေးကွက်ဝင်အမယ်သီးနှံတစ်မျိုးဖြစ်သည့် ကော်ဖီသီးနှံပင်များကို ယခု၂၀၂၅ -၂ဝ၂၆ ခုနှစ်တွင် ဧကပေါင်း ၁၀၀၀ တိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၏ ရေ၊ မြေ၊ ရာသီဥတုအရ နှစ်ရှည် သီးနှံပင်ဖြစ်သော ရော်ဘာ၊ ဆီအုန်း၊ ကိုကိုး စသည့် သီးနှံပင် များအပြင် မြေနိမ့်ကော်ဖီဖြစ်ထွန်း စိုက်ပျိုးနိုင်သည့် ဒေသဖြစ်သည့် အတွက် တိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် ကော်ဖီကို တိုးချဲ့ စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခင် ၂၀၂၄ - ၂၀၂၅ ခုနှစ် တွင် တနင်္သာရီတိုင်းဒေသကြီး အတွင်း၌ ကော်ဖီစိုက်ဧက ၁၈၇၄ ဧကကို တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပြီး ယနေ့အထိစုစုပေါင်းကော်ဖီစိုက် ဧကပေါင်း ၃၀၂၂ ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်း သိရသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.mdn.gov.mm/index.php/my/ttnngsaariittiungdeskiiattng-jhekkwngsiinnttcmiuphcsnny-keaaphiisiinnkiu-ykhuncttng-ek-1www