နောင်တရားဒေသတွင် အာလူးများကို တစ်နှစ်လျှင် (၃)ကြိမ် စိုက်ပျိုးကြပြီး အာလူးစိုက် ဧကပေါင်း (၁၀,၀၀၀)ကျော် စိုက်ပျိုးလျက်ရှိ

News Image

  • နောင်တရားဒေသတွင် အာလူးများကို တစ်နှစ်လျှင် (၃)ကြိမ် စိုက်ပျိုးကြပြီး အာလူးစိုက်ဧကပေါင်း (၁၀,၀၀၀)ကျော် စိုက်ပျိုးလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင် အာလူးများကို တစ်နှစ်လျှင် (၃)ကြိမ် စိုက်ပျိုးကြပြီး အာလူးစိုက်ဧကပေါင်း (၁၀,၀၀၀)ကျော် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ယခုအခါ စိုက်ပျိုးထားသည့် ရေးသွင်းအာလူးများကို စတင်တူးဖော် လျက်ရှိကြောင်း၊ လက်ရှိတွင်အာလူးဈေးနှုန်းသည် နည်းနေသေးကြောင်း သိရသည်။

နောင်တရားဒေသတွင် အာလူးကို မိုးကြို၊ မိုးနှောင်း(စက)နှင့် ရေသွင်းအာလူးဟု၍ သုံးကြိမ်စိုက်ပျိုးလျက်ရှိသည်။

အာလူးစိုက်ပျိုးရေးလုပ်ငန်းတွင် စိုက်ပျိုးရေးကုန်ကျစရိတ်များပြားသော်လည်း တောင်သူအများစုက အာလူးစိုက်ပျိုးသည့်လုပ်ငန်းကို ပိုမိုစိတ်ဝင်စားကြကြောင်း သိရသည်။

အောင်ပန်းကုန်စည်ဒိုင်တွင် အာလူးမျိုးပေါ်မူတည်၍ ဈေးနှုန်းကွဲပြားမှုများရှိပြီး အာလူးတစ်ပိဿာလျှင် ကျပ်(၁,၃၀၀)မှ ကျပ်(၂,၂၀၀)အထိ ရှိကြောင်း သိရသည်။

Source: Popular Myanmar