အရှေ့တောင်အာရှနိုင်ငံများသည် ကုန်သွယ်ရာတွင် ကြီးမားသော ဈေးကွက်ကို ပိုမိုချိတ်ဆက်နိုင်အောင် ဆောင်ရွက်သင့်ဟု ထိုင်း နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

News Image

  • အရှေ့တောင်အာရှနိုင်ငံများသည် ကုန်သွယ်ရာတွင် ကြီးမားသော ဈေးကွက်ကို ပိုမိုချိတ်ဆက်နိုင်အောင် ဆောင်ရွက်သင့်ဟု ထိုင်း နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အရှေ့တောင်အာရှနိုင်ငံများသည် ၎င်းတို့၏ ရောင်းလိုအား ကွင်းဆက် များ (Supply Chain) ကို ဒေသတွင်း နှင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်ရန်နှင့် ကြီးမားသော ဈေးကွက်ကို ချိတ်ဆက်နိုင်ပြီး စီးပွားရေးအကျိုးကျေးဇူးများရရှိရန် ဆောင်ရွက်သင့်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

လက်တလောနှစ်များတွင် လွပ်လပ်စွာကုန်သွယ်မှု သဘောတူစာချုပ်များနှင့် အမေရိကန်အကောက်ခွန်နှုန်းထား တိုးမြင့်မှုများကြောင့် တရုတ် နိုင်ငံကုမ္ပဏီများက အာဆီယံဒေသများအတွင်း ပိုမိုရင်းနှီးမြှုပ်နှံလာသောကြောင့် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများသည် သိသိသာသာ များပြားလာပါသည်။ 

ပြီးခဲ့သည့်နှစ်တွင်   ဗီယက်နမ်နိုင်ငံ သည် တရုတ်နိုင်ငံမှ ကုန်ထုတ်လုပ်မှု ရင်းနှီးမြှုပ်နှံမှုကို အများဆုံးလက်ခံခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသည်လည်း ဒုတိယအများဆုံး တရုတ်နိုင်ငံမှ ကုန်ထုတ်လုပ်မှု ရင်းနှီးမြှုပ်နှံမှု လက်ခံ သည့်နိုင်ငံ ဖြစ်ပါသည်။ တရုတ်နှင့်အင်ဒိုနီးရှားနိုင်ငံတို့သည် လာရောက် ရင်းနှီးမြှုပ်နှံသည့် တရုတ်ကုမ္ပဏီများထံမှ အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့် ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ 

ကိုးကား - Eleven Media Group 

ဘာသာပြန်ဆိုသူ- ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃