“Peace Train-2024” ဆေးဘက်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး စစ်ဆင်ရေးအား တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် လာအိုတပ်မတော်တို့ ပူးပေါင်းလေ့ကျင့်မည်
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဆေးတပ်ဖွဲ့နှင့် လာအိုတပ်မတော် ဆေးတပ်ဖွဲ့တို့ ပူးပေါင်းကျင်းပသည့် “Peace Train-2024” ဟု အမည်ရသည့် ဆေးဘက်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး စစ်ဆင်ရေးကို ယခုလနှောင်းပိုင်းတွင် လာအိုနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။
ယခုကဲ့သို့ ဆေးဘက်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းးများကို ပူးတွဲလေ့ကျင့်ခြင်းဖြင့် နှစ်နိုင်ငံတပ်မတော်များအကြား ဆက်ဆံရေးပိုမိုခိုင်မာလာမည်ဖြစ်ပြီး လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း ၎င်းဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆေးဘက်ဆိုင်ရာရှာဖွေကယ်ဆယ်ရေး စစ်ဆင်ရေးတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဆေးတပ်ဖွဲ့ဝင် တပ်မတော်သားများက လာအိုတပ်မတော်သားများနှင့် ပြည်သူ များကို ဆေးကုသပေးမည်ဖြစ်ကြောင်းသိရသည်။
Source: ၁၂-၁၁-၂၀၂၄ ရက်စွဲထုတ် ကြေးမုံသတင်းစာ