ဂျပန်နိုင်ငံတောင်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်း၌ ပေါက်ကွဲမှုဖြစ်ပွားပြီး ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိ

News Image

  • ဂျပန်နိုင်ငံတောင်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်း၌ ပေါက်ကွဲမှုဖြစ်ပွားပြီး ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိ

ဂျပန်နိုင်ငံတောင်ပိုင်း၊ အိုကီနာဝါခရိုင် ၊ ရိုမီတန်ကျေးရွာရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွင် ဇွန်လ ၉ ရက် (တနင်္လာနေ့)က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ 

အဆိုဖြစ်စဉ်သည် မ‌ပေါက်ကွဲသေးသည့်ဗုံးများ ယာယီထားရှိရာ သိုလှောင်ရုံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါသိုလှောင်ရုံသည် ကဒဲနား ခဲယမ်းသိုလှောင်ရာ ဧရိယာအတွင်း တည်ရှိပြီး ခရိုင်အစိုးရအဖွဲ့၏ ကြီးကြပ်မှုအောက်တွင်ရှိကြောင်းနှင့် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးမှာ အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း အိုကီနာဝါခရိုင် တာဝန် ရှိသူများက ပြောကြားခဲ့မှုကို NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။ 

ကိုးကား- NHK 

အလွတ်သဘောဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင်၊ နစက (၄)