အစ္စရေးက Greta Thunberg ကို ဂါဇာကူညီထောက်ပံ့ရေး သင်္ဘော ပေါ်တွင် ဖမ်းဆီး

News Image

  • အစ္စရေးက Greta Thunberg ကို ဂါဇာကူညီထောက်ပံ့ရေး သင်္ဘော ပေါ်တွင် ဖမ်းဆီး

အစ္စရေးရေတပ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များ သယ်ဆောင်လာသည့် ဂါဇာသို့ဦးတည်နေသော "Madleen" အရပ်ဘက်သင်္ဘောကို တားဆီးကာ သင်္ဘောသားများအား ဖမ်းဆီးလိုက် သည်။ တယ်လ်အဗစ်မှ အဆိုပါသင်္ဘောကို “Selfie yacht” ဟု သရော်၍ခေါ်ဝေါ်ခဲ့သည်။ ယင်းသင်္ဘောပေါ်တွင် ရာသီဥတု အရေး လှုပ်ရှားသူဂရီတာ သွန်းဘာ့ဂ် (Greta Thunberg) ၊ ပြင်သစ်လွှတ်တော်အမတ် ရီမာ ဟက်ဆန် (Rima Hassan) နှင့် အိုင်ယာလန်မင်းသား လီယမ် ကန်နင်ဂမ် (Liam Cunningham) တို့ အပါအဝင် အခြားသူများ ပါဝင်နေခဲ့သည်။

နိုင်ငံတကာရေပိုင်နက်တွင် တနင်္လာနေ့ (ဇွန် ၉) နံနက်စောစောက ဖမ်းဆီးခံခဲ့ရပြီး Freedom Flotilla Coalition (FFC) အဖွဲ့မှ ဆောင်ရွက် ခဲ့သည့် အဆိုပါသင်္ဘောကို အစ္စရေးနိုင်ငံ Ashdod ဆိပ်ကမ်းသို့ ဆွဲခေါ် သွားခဲ့သည်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဖမ်းဆီးမှု အတည် ပြုကာ ၎င်းအဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ မိခင်နိုင်ငံများသို့ ပြန်ရန် မျှော်လင့်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

 “Selfie yacht” ပေါ်ရှိ ခရီးသည်အားလုံး ဘေးကင်းလုံခြုံစွာရှိနေပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိပါ။ ၎င်းတို့အား အစားအစာနှင့် ရေများ ထောက်ပံ့ ပေးထားပါသည်။ ဤဇာတ်လမ်း ပြီးဆုံးသွားပါပြီ ဟု အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဌာနက X တွင် ရေးသားဖော်ပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂