အီလွန်မက်က လော့စ်အိန်ဂျလိစ်ဆန္ဒပြမှုများအပေါ် ထရမ့်၏ ကိုင်တွယ်ပုံ ကို ထောက်ခံ
ဘီလီယံနာ မက် က သမ္မတနှင့် ၎င်းတို့အကြား အချေအတင် ဖြစ်ခဲ့ သော်လည်း ထရမ့်အစိုးရ၏ လော့စ်အိန်ဂျလိစ် ဆန္ဒပြမှုများအပေါ် ကိုင်တွယ်ပုံကို ထောက်ခံခဲ့သည်။
ဇွန် ၈ ရက်တွင် အီလွန်မက် က လူမှုကွန်ရက် X တွင် သမ္မတ ဒေါ်နယ် ထရမ့်၏ ပို့စ်ကို ဖော်ပြကာ ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး Gavin Newsom နှင့် လော့စ်အိန်ဂျလိစ်မြို့တော်ဝန် Karen Bass တို့အား ဆန္ဒပြမှုများ တိုးပွားလာခြင်း၊ ယာဉ်များ မီးရှို့ဖျက်ဆီးခံရခြင်းနှင့်ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုများကို ခွင့်ပြုခဲ့သည့်အတွက် လော့စ်အိန်ဂျလိစ် ပြည်သူများထံ တောင်းပန်ရန် တိုက်တွန်းခဲ့သည်။
“ဒါတွေက ဆန္ဒပြသူများ မဟုတ်ပါ။ ဒါတွေက အဓိကရုဏ်းသမားများနှင့် အဖျက်သမားများသာ ဖြစ်ပါသည်” ဟု ထရမ့်က ရေးသားခဲ့သည်။
မက်က ဒုတိယသမ္မတ JD Vance ၏ “အိမ်ဖြူတော်ခေါင်းဆောင်က အဓိကရုဏ်းနှင့် အကြမ်းဖက်မှုတွေကို သည်းမခံနိုင်” ဟူသော ပို့စ်ကိုလည်း ပြန်လည်တင်ခဲ့ပြီး “ဒါက ခိုင်မာသည့် ခေါင်းဆောင်မှု လိုအပ်သော အချိန်” ဟု ဖြည့်စွက်ခဲ့သည်။
အမေရိကန် ဘီလီယံနာ Elon Musk က မက္ကဆီကို အလံကိုင်ဆောင် ထားပြီး အင်္ကျီဗလာနှင့် မျက်နှာဖုံးစွပ်ထားသည့် ဆန္ဒပြသူတစ်ဦး ဖျက်ဆီး ခံရတဲ့ကားပေါ်မှာ ရပ်နေပုံကိုဖော်ပြကာ “ဒါက မှန်ကန်သည့် အရာ မဟုတ်ပါ” ဟု ရေးသားခဲ့ပါသည်။
ကိုးကား-VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂