အိန္ဒိယနိုင်ငံ၏ အမြင့်မားဆုံးသော ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းသည် (၂၇.၁) ရာခိုင်နှုန်းမှ (၅.၃) ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး အရေအတွက် အားဖြင့် သန်း (၂၇၀) ခန့် ရှိသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်
အိန္ဒိယနိုင်ငံ၏ အမြင့်မားဆုံးသော ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းသည် ၂၀၁၁- ၂၀၁၂ ခုနှစ်တွင် (၂၇.၁) ရာခိုင်နှုန်းရှိခဲ့ရာမှ၊ ၂၀၂၂-၂၀၂၃ခုနှစ်တွင် (၅.၃) ရာခိုင်နှုန်းသို့ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အသစ်တွင် ဖော်ပြပါသည်။
အိန္ဒိယနိုင်ငံတွင် နေ့စဉ်အမေရိကန် (၃) ဒေါ်လာသာ ဝင်ငွေရှိသည့် ဆင်းရဲမွဲတေသူ စုစုပေါင်း (၃၄၄.၄၇) သန်းရှိခဲ့ရာမှ (၇၅.၂၄) သန်းသို့ ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ (၂၀၂၁ PPP အရ)
ဥတာပရာဒက်၊ မဟာရာရှ်တရာ၊ ဘီဟာ၊ အနောက်ဘင်ဂေါနှင့် မဒ္ဒရာ ပရာဒက်စသည့် ပြည်နယ်ငါးခုသည် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ဆင်းရဲ မွဲတေမှု အမြင့်မားဆုံးဖြစ်ပြီး ၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆင်းရဲမွဲတွေမှု ရာခိုင်နှုန်းလျော့ကျလာခဲ့ရာ အချိုးအစားအားဖြင့် သုံးပုံနှစ်ပုံ ပါဝင် ပါသည်။
ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ အဆိုပါကာလအတွင်း အိန္ဒိယနိုင်ငံ၏ အမြင့်မားဆုံးသော ဆင်းရဲမွဲတေမှုသည် ကျေးလက်ဒေသတွင် (၁၈.၄) ရာခိုင်နှုန်းမှ (၂.၈) ရာခိုင်နှုန်းသို့ လျော့ကျခဲ့ပြီး၊ မြို့ပြများတွင် (၁၀.၇) ရာခိုင်နှုန်းမှ (၁.၁) ရာခိုင်နှုန်းသို့ လျော့ကျခဲ့သည်ဟု ဆိုပါသည်။
ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ
ကိုးကား - First Post