ဂျပန်က တာဝေးပစ်ဒုံးကျည်များ စမ်းသပ်မှု စစ်ဆန့်ကျင်ရေး ဖွဲ့စည်းပုံကို ချိုးဖောက်ခြင်းဖြစ်ဟု တရုတ်ပြော
ဂျပန်နိုင်ငံက လုပ်ဆောင်သည့် အသံနှုန်းလွန် ဒုံးကျည်များနှင့် သင်္ဘောဖျက် တာဝေးပစ်ဒုံးကျည်များကို စမ်းသပ်မှုက စစ်ဆန့်ကျင်ရေး ဖွဲ့စည်းပုံကို ချိုးဖောက် ခြင်းဖြစ်ကြောင်းနှင့် ဒေသတွင်းလုံခြုံရေးကို လျော့ပါးစေမည်ဖြစ်ကြောင်း တရုတ် အစိုးရကပြောသည်ဟု ပြည်တွင်းသတင်း ဌာနများက ဇွန်လ ၁၁ ရက်တွင်ဖော်ပြ ထားသည်။
ဂျပန်နိုင်ငံအနေဖြင့် တာဝေးပစ်ခတ်နိုင်သော ဒုံးကျည်များကို ထုတ်လုပ်ခြင်းက ၎င်းတို့ကိုယ်တိုင်တိုက်ခိုက်ရေး လက်နက်များကို ပိုင်ဆိုင်နိုင်ခွင့် မရှိစေရဟုဖော်ပြထားသော စစ်ဆန့်ကျင်ရေးဖွဲ့စည်းပုံကို ချိုးဖောက်နေခြင်း ဖြစ်ကြောင်း တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ နေ့စဉ်သတင်းစာက ဖော်ပြထားခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံက ဖူဂျီတောင်အနီး၌ ဇွန်လ ၈ ရက်တွင် ကျည်စစ်ကျည်မှန်အသုံးပြု စစ်ရေးလေ့ကျင့်စဉ် အဆင့်မြှင့်တင်ထား သော Type 12 မြေပြင်မှ သင်္ဘောပစ်ဒုံး ကျည်များ၊ Hyper Velocity Gliding Projectile(HVGP) အမည်ရှိ အသံနှုန်းလွန်ဒုံးကျည်တို့ကို စမ်းသပ်ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။
သင်္ဘောပစ်ဒုံးကျည်များကို ကျူရှူးကျွန်းစု၌ လည်းကောင်း၊ HVGP ဒုံးကျည် များကို ဟော့ကိုင်းဒိုး၌ လည်းကောင်း ဖြန့်ကြက် သွားမည်ဖြစ်ကြောင်း ဂျပန် သတင်းဌာနများက ထုတ်ပြန်ထားသည်။ ထိုသို့သော ဒုံးကျည် များကို ဖြန့်ကြက်နေရာချထားခြင်းသည် ဒေသတစ်ခုလုံး၏ ငြိမ်းချမ်းရေးကို ထိခိုက်စေမည်ဟု တရုတ် သတင်းစာကဖော်ပြထားသည်။
MWD Web Portal