စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၌ အကြမ်းဖက်သမားများမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အကြမ်းဖက်သမားများမှ ဌာနဆိုင်ရာရုံးများအား တိုက်ခိုက်ဖျက်ဆီးခြင်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၉ ရက်တွင် နံနက် ၃ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆယ်ပင်ကျွန်းကျေးရွာအုပ်စု၊ ဆယ်ပင်ကျွန်းကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သမား ၁၅၀ ဦးခန့်သည် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ခက်သင်ကျေးရွာအုပ်စု၊ ခက်သင်ကျေးရွာမှ စက်လှေများဖြင့် လာရောက်၍ ဆယ်ပင်ကျွန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးချစ်စိန်၊ ကျေးရွာသူ/သားများနှင့် ကျေးရွာရှိ ပစ္စည်းများအား အကြမ်းဖက်သမားများမှ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ခက်သင်ကျေးရွာအုပ်စု၊ ခက်သင်ကျေးရွာသို့ စက်လှေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။
MOHA